ခုနောက်ပိုင်းမှာ ပရိသတ်ကြိုက်နှစ်သက်တဲ့ တေးသီချင်းတော်တော်များများဟာ တေရေးဝေကြီးရဲ့ တေးသီချင်းတွေပဲ ဖြစ်လို့နေမှာပါ။ ဒီလို ပရိသတ်လက်ခံနှစ်သက်မှုတွေနဲ့ အတူ အောင်မြင်လာခဲ့တဲ့ တေးရေးဝေကြီးရဲ့ တေးသီချင်းတွေ ဖန်တီးရာမှာ ဘယ်လိုဖန်တီးလေ့ရှိသလဲဆိုတာကို သူက ခုလို ပြောပြထားပါတယ်။

Source: Nyein Chan Thaw(Waigyi)

“တေးသီချင်းတွေ ရေးသားတဲ့အခါမှာ စိတ်လွတ်ကိုယ်လွတ်ပဲ ကိုယ်ခံစားရတဲ့အတိုင်း ရေးသားဖြစ်တာများပါတယ်။ ဒါကိုမှ အဆိုတော်တွေရဲ့ ပံ့ပိုးမှုနဲ့ တီးတဲ့သူတွေရဲ့ ပံ့ပိုးမှု ၊နောက် ဟာမိုနီသမားတွေ ၊ အင်ဂျင်နီယာသမားတွေ ပါဝင်တဲ့သူတွေအားလုံးရဲ့ ပံ့ပိုးမှုနဲ့ ကျွန်တော့သီချင်းတွေ ပရိသတ်လက်ခံတဲ့အဆင့်ဖြစ်လာတာပါ။ အဆွေးသီချင်းတွေများတယ်ဆိုတာက ဒီလိုပဲ ခံစားပြီးရေးတာပါပဲ။ ကိုယ်ကိုယ်တိုင်လွမ်းဆွေးနေတာမျိုးမဟုတ်ပေမယ့် ရေးတဲ့အခါ ခံစားပြီး ရေးဖြစ်ပါတယ်။”

Source: Nyein Chan Thaw(Waigyi)

တေးရေးဝေကြီးရဲ့ နာမည်ကြီးတဲ့ တေးသီချင်းတွေကတော့ ဂျူဝယ် ရဲ့ မက်ဆေ့ ၊ ကေကေမိုး ရဲ့ ကျမ ၊ နီနီခင်ဇော် ရဲ့ အလကားပဲ နဲ့ Myanmar IDOL winner song ဖြစ်တဲ့ သင့်အတွက် မနက်ဖြန် တေးသီချင်းတွေအပါအဝင် ခုလက်ရှိ ပရိသတ်တွေကြားရေပန်းစားနေတဲ့ တေးသီချင်းပေါင်းများစွာပဲ ဖြစ်ပါတယ်။

Source: Nyein Chan Thaw(Waigyi)