ကြယ်ပွင့်လေးတွေဟာလည်း အနုပညာလက်ရာမြောက်တဲ့ တက်တူးတွေအဖြစ် အရေပြားပေါ်မှာ တင်ရှိနေကြလေ့ရှိပါတယ်။ ကြယ်ပွင့်လေးတွေရဲ့ တက်တူးပုံစံတွေကလည်း အမြောက်အမြားရှိနေပါတယ်။ ဒီနေ့မှာတော့ ကြယ်ပွင့်ပုံ တက်တူးဒီဇိုင်းတွေနဲ့အတူ သူတို့ရဲ့ ကိုယ်စားပြုမှုလေးတွေကိုဖော်ပြပေးပါရစေ။

ဆဲလ်တစ်ကြယ်ပုံ တက်တူး

Source: wristtattoopictures.com

ဒီဆဲလ်တစ်ကြယ် တက်တူးကတော့ ဖခင် သား နဲ့ သန့်စင်တဲ့ဝိညာဉ်လို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်စားပြုမှုတွေကတော့ သေခြင်းတရား တဖန်ပြန်လည် မွေးဖွားလာခြင်း နဲ့ ဘဝတွေကို ကိုယ်စားပြုပြီးတော့ ဆဲလ်တစ်ကြယ်တွေရဲ့ အဓိပ္ပါယ်ကတော့ စိတ်ခံစားမှု ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်တွေပဲဖြစ်ပါတယ်။ စိတ်ခံစားချက်တို့ရဲ့ နက်ရှိုင်းကျယ်ပြန့်မှုတွေကို ဒီဆဲလ်တစ်တက်တူးနဲ့ ဖော်ပြတာပါ။

မာရီယိုကြယ်ပုံ တက်တူး

Source: i.pinimg.com

ဒီတက်တူးကြယ်ပွင့်ကလေးတွေကတော့ စူပါစတားအဖြစ်လူသိများတဲ့ ဂိမ်းသမားတွေဖြစ်တဲ့ မာရီယိုကြယ်လေးတွေပါ။ ငယ်ရွယ်စဉ်က ဆော့ကစားခဲ့ကြတဲ့ မာရီယိုဂိမ်းကို အစွဲပြုပြီး ထိုးတဲ့ တက်တူးဖြစ်ပါတယ်။ အဓိပ္ပါယ်နဲ့ ကိုယ်စားပြုမှုတွေကတော့ မာရီယိုကြယ်လေးတို့ရဲ့ ပါဝါစွမ်းထက်မှု လျင်မြန်မှုနဲ့ လွှမ်းမိုးနိုင်မှုတို့ကို ကိုယ်စားပြုထားတာပဲ ဖြစ်ပါတယ်။

ရေကြောင်းကြယ်ပုံ တက်တူး

Source: askideas.com

ချွန်မြနေတဲ့ ဦးချွန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြယ်ပွင့်ပုံစံတက်တူးပါ။ ဒါကတော့ ရေကြောင်းမှာ သွားလာလှုပ်ရှားနေသူတို့ကို ကိုယ်စားပြုတဲ့ တက်တူးပုံလည်း ဖြစ်ပါတယ်။ တချို့က နှင်းဆီပုံလေးတွေပါ ပူးတွဲ ရေးထိုးတတ်ကြပါတယ်။ ဒါကတော့ သဘောင်္သားတစ်ယောက်ရဲ့ အိမ်လွမ်းဆွတ်မှုလို့ တချို့က အဓိပ္ပါယ်ဖော်ကြသလို တချို့ကတော့ ဆုံးရှုံးလိုက်ရတဲ့ သဘောင်္သားတစ်ယောက်လို့ အဓိပ္ပါယ်ဖော်ကြပါတယ်။

နိုနိုဂရမ်ကြယ်ပုံ တက်တူး

Source: s-media-cache-ak0.pinimg.com

ဒီတက်တူးပုံစံကတော့ နည်းနည်းဆန်းကြယ်ပါတယ်။ ၉ မြှောင့်ချွန်ပုံဏ္ဍာန် ကြယ်ပုံတက်တူးပါ။ ၉ ဂဏန်းဆိုတာ မြန်မာတွေအဖို့တော့ နက်နက်နဲနဲ အဓိပ္ပါယ်ရှိတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနိုနိုဂရမ် ကိုးမြှောင့်ချွန် ကြယ်ပွင့် တက်တူးကတော့ ပြောင်းလဲမှုတွေဘယ်လိုပဲ ဖြစ်ပျက်နေပါစေ မပြောင်းလဲဘဲ တည်ငြိမ်တဲ့တည်ငြိမ်မှုကို ကိုယ်စားပြုတာပဲ ဖြစ်ပါတယ်။