ကြယ်ပွင့်ကို လူတွေက ချစ်ခင်နှစ်သက်မြတ်နိုးကြပါတယ်။ ဒီလိုပါပဲ။ တက်တူးကို ချစ်မြတ်နိုးရူးသွပ်ကြသူတွေဟာ သူတို့ရဲ့ အရေပြားပေါ်မှာလည်း ကြယ်ပွင့်ပုံကလေးတွေ ရေးထိုးထားတတ်ကြပါတယ်။ အပိုငး ၁ မှာ ကြယ်ပွင့်တက်တူးဒီဇိုင်းတွေကို ဖော်ပြခဲ့ပြီးပြီမို့ ကျန်ရှိနေသေးတဲ့ ဒီဇိုင်းတချို့ ကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်။

 ပန်းရောင်ကြယ်ပုံတက်တူး

Source: beautybestfriend.com

ပန်းရောင်ကြယ်ပုံတက်တူးကတော့ အထူးသဖြင့် မိန်းကလေးတွေ ရေးထိုးကြတာများပါတယ်။ ရင်သားကင်ဆာကို တိုက်ဖျက်ခြင်းလို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။ ဒီတက်တူးကို ရင်သားကင်ဆာရောဂါကို ကျော်လွှားနိုင်တဲ့အခါမျိုးတွေမှာ ထိုးလေ့ရှိကြပါတယ်။ နောက်ရေးထိုးမှုပုံစံကတော့ အဲဒီရောဂါနဲ့ ချစ်ခင်သူတစ်ယောက်ယောက် သေဆုံးသွားတဲ့အချိန်မျိုးမှာ ရေးထိုးတတ်ကြပါတယ်။

ဂြိုလ်နက္ခတ် ကြယ်ပုံတက်တူး

Source: i.pinimg.com

ခုနှစ်မြှောင့်ချွန်နဲ့ ကြယ်ပုံစံဖြစ်သလို ဂြိုလ်နက္ခတ် သင်္ကေတတွေနဲ့ ဒီဇိုင်းဖော်ထားတဲ့ ဒီတက်တူးပုံစံကတော့ ဂြိုလ်ခုနှစ်ပါးကို ကိုယ်စားပြုပါတယ်။ ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းခြင်းလို့လည်း အဓိပ္ပါယ်ရပါတယ်။ ဂြိုလ်နက္ခတ်တွေရဲ့ သဘောသဘာဝတွေပါဝင်သလို ရှေ့မှာ ဖြစ်မယ့် အကြောင်းအရာတွေနဲ့လည်း ဆက်စပ်နေပါတယ်။

ကြယ်ကြွေပုံတက်တူး

Source: tattoomart.net

ကြယ်ကြွေတာဟာ လူတွေအတွက်တော့ နမိတ်ပုံပဲဖြစ်ပါတယ်။ တချို့တွေဆိုရင် ကြယ်ကြွေတာ မြင်ချိန်မှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့တောင် မှတ်ယူကြပါသေးတယ်။ ဒီကြယ်တံခွန်တက်တူးဒီဇိုင်းကတော့ ကံကောင်းမှု နဲ့ ကြွယ်ဝချမ်းသာမှုတွေကို ကိုယ်စားပြုပါတယ်။ ဒီ တက်တူးကို ဆင်မြန်းထားသူရဲ့ ဘဝထဲက ထွက်ခွာသွားသူတစ်ယောက်ယောက်ကို ရည်စူးပြီး ထိုးထားတဲ့ တက်တူးပဲဖြစ်ပါတယ်။

ကြယ်သုံးပွင့် နေပုံစံတက်တူး

Source:i.pinimg.com

ဒီတက်တူးပုံစံကတော့ ဖိလစ်ပိုင်တွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေရဲ့ ပြယုခ်ပုံစံ တက်တူးပဲဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ ကျွန်းဆွယ်သုံးခုကို ကိုယ်စားပြုတဲ့ ကြယ်သုံးပွင့်ပါ။ ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ ဖိလစ်ပိုင်နဲ့ ပတ်သက်ပြီး အမှတ်တရရှိသူ ချစ်မြတ်နိုးသူတွေက ဒီတက်တူးကို ထိုးလေ့ရှိကြပါတယ်။