နေနဲ့လဟာ ကမ္ဘာပ်ါမှာ အလှပဆုံးနဲ့ အနက်ရှိုင်းဆုံးအရာနှစ်ခုဖြစ်တဲ့အပြင် ဒွန်တွဲနေတဲ့ ဆန့်ကျင်ဘက်အရာနှစ်ခုလည်း ဖြစ်ပါတယ်။ တောက်ပခြင်းကို နေနဲ့ တင်စားပြီး အေးမြခြင်းကို လနဲ့ တင်စားတတ်ကြပါတယ်။ ကောင်းကင်ပေါ်က နေတစ်စင်း နဲ့ လတစ်စင်းကို တက်တူးအဖြစ် ရွေးချယ်ထိုးချင်တယ်ဆိုရင် သူတို့ရဲ့အဓိပ္ပါယ်တွေကို သိထားမှရပါမယ်။

Source: http://www.beautyandu.com/

တက်နေ ပုံစံတက်တူး

Source: https://i.pinimg.com

တက်နေပုံစံ တက်တူးကတော့ နေ့သစ်တစ်ခု စတင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အသစ်ပြန်လည်မေ၊ွးဖွားခြင်းနဲ့ ပြနလည်စတင်ခြင်းတို့အပေါ် ယုံကြည်တယ်ဆိုတဲ့ သင်္ကေတအရိပ်အယောင်ပဲဖြစ်ပါတယ်။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြန်လည်မွေးဖွားစတင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ကိုယ်စားပြုပါတယ်။ အသစ်တစ်ခုရဲ့ အကူးအပြောင်းကို ကိုယ်စားပြုပြီး မျှော်လင့်ချက်ရဲ့ အရိပ်အယောင်ကို ပြသတဲ့ တက်တူးပုံစံပါ။

ဂျပန်နေပုံစံ တက်တူး

Source: http://tattoo-collections.com/

ဒါကတော့ ဂျပန်နိုင်ငံကို ကိုယ်စားပြုတဲ့ သင်္ကေတတက်တူးပုံစံပါ။ အနီရောင်စက်ဝိုင်းပုံစံလေးဖြစ်ပြီးတော့ ဂျပန်အလံမှာလည်း အဲဒီ တက်နေပုံစံမျိုးလေးပါဝင်ပါတယ်။ ဒီသင်္ကေတကတော့ ဂျပန်လူမျိုးတွေရဲ့ ကောင်းမွန်တဲ့ ရွေးချယ်မှုလို့ အဓိပ္ပါယ်ရပြီးတော့ ဒီတက်တူးပုံစံကို ဂျပန်လူမျိုးတွေသာမက ဂျပန်နဲ့ ပတ်သက်ပြီး စိတ်ဝင်တစားရှိသူတွေ ၊ ချစ်မြတ်နိုးသူတွေ ထိုးလေ့ရှိကြတဲ့ တက်တူးပုံစံပါ။

ကြယ်သုံးပွင့်နဲ့ နေပုံစံတက်တူး

Source: https://www.askideas.com/

ဒီ တက်တူးပုံ ဒီဇိုင်းကလည်း ဖိလစ်ပိုင်ရဲ့ အမျိုးသားရေးအလံကနေ ယူထားတဲ့ တက်တူးဒီဇိုင်းပုံစံပါ။ ကြယ်သုံးပွင့်ဟာ ဖိလစ်ပိုင်က ကျွန်းဆွယ်သုံးခုကို ကိုယ်စားပြုတာဖြစ်ပါတယ်။ အဓိကကတော့ ယဉ်ကျေးမှုအတွက် ဂုဏ်ယူခြင်းကို ပြသတဲ့ သင်္ကေတပုံ တက်တူးပဲဖြစ်ပါတယ်။

ဆဲလ်တစ်နေ ပုံတက်တူး

Source: https://pre00.deviantart.net

ရှေးဟောင်း ဆဲလ်တစ်လူမျိုးတွေရဲ့ သင်္ကေတဖြစ်တဲ့ တက်တူးပုံစံဖြစ်ပါတယ်။ ဆဲလ်တစ်လူမျိုးတွေအဖို့တော့ နေရောင်ဟာ သူတို့ဘဝရဲ့ ဝိညာဉ်ဆိုင်ရာ အတွေးအခေါ်မှာ အရမ်းကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေပါတယ်။ ဒီ ဆဲလ်တစ်နေဟာ အသိပညာ၊ အမှန်တရားနဲ့ တဖန်ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်။