နေလတက်တူးပုံစံ ဒီဇိုင်းတွေနဲ့ အဓိပ္ပာယ်တွေကို ပထမပိုင်းမှာလည်း ပြောပြခဲ့ပြီးပါပြီ။ ဒုတိယပိုင်းမှာလည်း လူကြိုက်များတဲ့ တက်တူးပုံစံတွေနဲ့ သူတို့ရဲ့ အဓိပ္ပါယ်တွေ ရည်ညွှန်းမှုတွေကို တက်တူးချစ်သူတွေအတွက် ထပ်မံဖော်ပြပေးချင်ပါသေးတယ်။

မာယာနေပုံ တက်တူး

Source: www.inkvivo.com

ဒီတက်တူးလေးဟာလည်း မာယာလူမျိုးတွေကို ကိုယ်စားပြုတဲ့ တက်တူးပုံလေးပါ။ နေရောင်ဟာ မာယာလူမျိုးတွေအဖို့ ကိုယ်ပိုင်အစွမ်းသတ္တိ ၊ ခွန်အား နဲ့ အာဏာပါဝါတွေအတွက် ပါဝင်ပတ်သက်နေတဲ့ တန်ခိုးကြီး အရာတစ်ခုပါ။ ဒီတက်တူးပုံကတော့ သတ္တိခွန်အား နဲ့ အာဏာတို့ကို ကိုယ်စားပြုပါတယ်။

ပိုလီနီးရှားနေ ပုံ တက်တူး

Source:http://www.tattoosforyou.org/

ဒီတက်တူးကလေးကတော့ နေထွက်လာခြင်းနဲ့ နေဝင်သွားခြင်းတို့ကို ကိုယ်စားပြုတာပါ။ ပိုလီနေရှားဒေသရဲ့ ကိုယ်စားပြုသင်္ကေတ ဖြစ်ပြီး တက်တူးပုံစံက အနည်းငယ် ဂမ္ဘီရဆန်ပါတယ်။ ဒီတက်တူးလေးရဲ့ အဓိပ္ပါယ်ကတော့ ကြွယ်ဝချမ်းသာခြင်း၊ ဦးဆောင်နိုင်မှုနဲ့ ဘဝအောင်မြင်မှုတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။

အနက်ရောင်နေပုံ တက်တူး

Source:https://www.inkvivo.com/

ဒီအနက်ရောင်နေပုံ တက်တူးကတော့ ဂျာမန်သင်္ကေတဖြစ်ပြီးတော့ ဘီးပုံသဏ္ဍာန် နေအဖြစ်လူတွေက သိကြပါတယ်။ မူလပထမဦးမှာ ဝဲလ်ဝဲလ်စဘက် ရဲတိုက်ရဲ့ ကြမ်းပြင်ကနေ ဒီ ဒီဇိုင်းပုံကို ရှာတွေ့ခဲ့ကြတယ်လို့ သိရပါတယ်။ ဟစ်တလာရဲ့ သင်္ကေတအဖြစ်လူသိများသလို မှော်အတတ်သင်္ကေတလို့လည်း လူတွေက ခေါ်ဝေါ်ကြပါသေးတယ်။ အထူးသဖြင့်တော့ ဒီအနက်ရောင်နေပုံတက်တူးဟာ ဂျာမန်အမွေအနှစ်တွေဆီကို တိုက်ရိုက်ဦးတည်ထားတဲ့ သင်္ကေတပုံစံဖြစ်ပါတယ်။

လပြည့်ပုံ တက်တူး

Source:http://tattooatoz.com

လပြည့်ပုံတက်တူးကတော့ ယဉ်ကျေးမှုအသီးသီးစီတိုင်းရဲ့ အယူသီးမှုဆိုင်ရာ ကိစ္စတွေနဲ့ ချိတ်ဆက်ထားတဲ့ တက်တူးပုံစံဖြစ်ပါတယ်။ တကယ့် လူ့ဘဝနဲ့ ဝိညာဉ်လောက ကြား ချိတ်ဆက်မှုဆိုင်ရာ ဂမ္ဘီရ သဘောတရားတွေနဲ့ ဆက်နွယ်နေပါတယ်။ လပြည့်ပုံတက်တူးကတော့ မှော်အတတ်ပညာ ၊ အသွင်ပြောင်း နဲ့ ရူးသွပ်မက်မောမှုတို့ကို ကိုယ်စားပြုပါတယ်။

လရဲ့ ဆင့်ပွားပုံ တက်တူး

Source:http://tattoomagz.com/

လရဲ့ ဆင့်ပွားပုံစံတက်တူးကတော့ ရာသီတလျှောက် မတူညီတဲ့ လတွေရဲ့ အဆင့်ဆင့် ဖြစ်ပွားပုံနဲ့အတူ သဘာဝအရ ပြောင်းလဲ. ဖြစ်ပွားနေတဲ့ အရာတွေကို ကိုယ်စားပြုပါတယ်။  အမျိုးသမီးတွေရဲ့ စွမ်းအား နဲ့ သဘာဝရဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းတရားတွေကို ကိုယ်စားပြုတဲ့ တက်တူးပုံ အမျိုးအစားပဲဖြစ်ပါတယ်။