သစ်ပင်တွေနဲ့ ပတ်သက်ပြီးတော့ ဟိုးယခင်ကတည်းက လူတွေက ကိုးကွယ်မှုတွေ ချစ်ခင်မြတ်နိုးမှုတွေ အပြည့်ရှိကြပါတယ်။ သဘာဝရဲ့ အနက်ရှိုင်းဆုံး အလှတစ်ရပ်ဖြစ်တဲ့ သစ်ပင်တွေဟာ လူသားတွေနဲ့အတူ ကောင်းခြင်းဆိုးခြင်းတွေ အတူတကွ ဆောင်ယူလာနိုင်တဲ့အရာလည်း ဖြစ်ပါတယ်။ ဒီအခါမှာတော့ တက်တူးချစ်သူတွေအတွက် သစ်ပင်နဲ့ပတ်သက်တဲ့ တက်တူးပုံလေးတွေနဲ့အတူ သူတို့ရဲ့ အဓိပ္ပါယ်တွေအကြောင်း ဖော်ပြပေးချင်ပါတယ်။

ပန်းသီးပင်ပုံတက်တူး

Source: https://i.pinimg.com/

ဒီပန်းသီးပင်ပုံ တက်တူးကတော့ အချစ်ဒဏ္ဍာရီဇာတ်လမ်းတစ်ခုကို ကိုယ်စားပြုတာပါ။ တားမြစ်ထားတဲ့ သစ်သီးတစ်လုံးအဖြစ် ပန်းသီးကို လူသိများကြပါတယ်။ ဒီတက်တူးပုံစံလေးဟာ အာဒံနဲ့ဧဝတို့ရဲ့ ချစ်ခြင်းကိုအစပြုရာ၊ သွေးဆောင်ရာကို ကိုယ်စားပြုတဲ့ တက်တူးလေးပါ။ တခြားတစ်ဖက်က အဓိပ္ပာယ်လေးကတော့ အသိပညာနဲ့ လေ့လာသင်ယူမှုတို့ကို ကိုယ်စားပြုပါတယ်။

အက်ရှ်ပင်ပုံတက်တူး

Source: http://3.bp.blogspot.com

ဒီတက်တူးပုံစံကတော့ တစ်စတစ်စ တိုးတက်မြင့်မားလာတဲ့ အနက်အဓိပ္ပာယ်ရတဲ့ တက်တူးပုံစံပါ။ ကြီးထွားရှင်သန်လာခြင်း နဲ့ တိုးတက်မြင့်မားမှုတို့ကို ဖော်ဆောင်တဲ့ အဓိပ္ပါယ်ရှိပါတယ်။

ဘိခ်ျပင်ပုံတက်တူး

Source: http://gorillacool.com/

ဒီ ဘိခ်ျသစ်ပင်ပုံစံတက်တူးကတော့ အတိတ်က ဆွေစဉ်မျိုးဆက်တွေဆီက အသိပညာတွေ မရရှိလိုက်မှု ၊ ဆုံးရှုံးခဲ့ရမှုတွေကို ကိုယ်စားပြုပါတယ်။  ဒီတက်တူးဒီဇိုင်းတော့ သာယာဝပြောမှုနဲ့အတူ အသိဥာဏ်ပညာရှိခြင်းတို့ရဲ့ နိမိတ်လက္ခဏာတွေပဲဖြစ်ပါတယ်။

ဘုစပက်ပင် တက်တူး(ရှည်မျောမျောသစ်ပင်ပုံစံ)

Source: http://www.dubuddha.org/

သူကတော့ ဘုစပက်သစ်ပင်ရဲ့ အကျိုးသတ္တိတွေအတိုင်း အဖြူရောင်အခေါက်တွေနဲ့ ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိတွေကို ရည်ညွှန်းပြီး ထိုးကြသူတွေလည်း ရှိပါတယ်။ ဒီတက်တူးရဲ့ အဓိပ္ပာယ်နဲ့ ကိုယ်စားပြုမှုတွေကတော့ မွေးဖွားခြင်း၊ စတင်ခြင်း၊ အသစ်တဖန်ပြန်လည်ဖြစ်ပေါ်ခြင်းနဲ့ သန့်စင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

အာရ်ဇ်ပင် တက်တူး

Source: http://tattoo-designs.us

သူကတော့ ဂုဏ်ပြုတာတွေ ၊ ဘာသာရေးထုံးတမ်းတွေနဲ့ သန့်စင်တဲ့ အဆောက်အဦးတွေ ဆောက်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ တက်တူးဖြစ်ပါတယ်။ ဟိုးရှေးခေတ်ကတော့ အာရ်ဇ်ပင်ကို အိမ်နတ်တစ်ပါးအနေနဲ့ ကိုးကွယ်ယုံကြည်ခဲ့ကြပါတယ်။ ဒီတက်တူးရဲ့ အဓိပ္ပါယ်ကတော့ ကိုယ့်ဆီလာမယ့်  မကောင်းမှုတွေကို ကာကွယ်တယ်ဆိုတဲ့ ဆိုလိုရင်းပါ။