သစ်ပင်ပုံစံတက်တူးတွေကို အရေပြားပေါ် အလှဆင်ချင်သူတွေအတွက် သစ်ပင်တက်တူးပုံစံ ဒီဇိုင်းတွေနဲ့အတူ သူတို့ရဲ့ အဓိပ္ပါယ် အကြောင်းအရာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ထင်းရှူးပင်တက်တူး

Source: https://78.media.tumblr.com/

ထင်းရှူးပင်တက်တူးပုံစံကို ထိုးတဲ့သူတွေတအားများကြပါတယ်။ တကယ်တော့ ထင်းရှူးပင်ဆိုတာ သေလွန်ပြီးသူတွေကို ကာကွယ်စောင့်ရှောက်တဲ့ သစ်ပင်အဖြစ် လူတွေက ယုံကြည်ကြပါတယ်။ ခရစ်ယာန်နဲ့ မွတ်စလင် ဘာသာဝင်တွေကလည်း ထင်းရှူးပင်ကို မကောင်းတဲ့ အစွဲတွေ ချွတ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီတက်တူးလေးရဲ့ အဓိပ္ပါယ်ကတော့ ကာကွယ်စောင့်ရှောက်ခြင်းရဲ့ သင်္ကေတဖြစ်ပြီး သေခြင်းနဲ့ ဝမ်းနည်းခြင်းကို ကိုယ်စားပြုပါတယ်။

ဝက်သစ်ချပင်ပုံ တက်တူး

Source: https://img00.deviantart.net/

ဒီတက်တူးကတော့ ဝက်သစ်ချသစ်ပင်ရဲ့ ပုံစံအတိုင်း ကြာရှည်ခံမှု၊ အစွမ်းသတ္တိနဲ့ ခံနိုင်ရည်တို့ကို ကိုယ်စားပြုပါတယ်။ ရှည်ကြာတဲ့ စိတ်ခံစားမှု၊ သည်းခံနိုင်မှုအတိုင်းအတာနဲ့ ခံနိုင်ရည်ရှိမှု ကြံ့ကြံ့ခံနိုင်မှုနဲ့ ရဲစွမ်းသတ္တိတွေကို ကိုယ်စားပြုနိုင်တဲ့ တက်တူးပုံစံပဲဖြစ်ပါတယ်။

ပိုးစာပင်တက်တူး

Source: https://i.pinimg.com/

ဒီတက်တူးပုံစံကတော့ ကျဉ်းမြောင်းလှတဲ့ အစိမ်းရောင်အပင်တစ်ပင်ပုံစံပါ။ သေခြင်း၊ စိတ်မသက်မသာဖြစ်ခြင်း နဲ့ ညီးတွားမှုတွေကို ကိုယ်စားပြုထားပါတယ်။ ဒီတက်တူးကို ထိုးတဲ့သူတွေကတော့ သူတို့ရဲ့ ရင်တွင်းဝေဒနာတွေကို တက်တူးအနေနဲ့ နာကျင်မှုတွေ ပုံဖော် ထိုးထွင်းလိုက်ကြသူတွေပဲဖြစ်ပါတယ်။

ဘဝသစ်ပင်ပုံစံတက်တူး

Source: http://designoftattoos.com/

ဒီတက်တူးကတော့ ဘာသာတရားယုံကြည်မှုတွေနဲ့ အတူ စိတ်ခံစားချက် နှလုံးသားတွေ နဲ့ ဆက်နွယ်နေတဲ့ တက်တူးပုံစံပါ။ ဘဝရဲ့ ဖြစ်တည်မှုတွေအပေါ် သတိပေးနေတဲ့ အချင်းအရာ ပုံစံလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသိဥာဏ်ပညာ ၊ ရင့်ကျက်တည်ကြည်မှုနဲ့ ကြီးပြင်းလာတဲ့ ဘဝတွေကိုလည်း ကိုယ်စားပြုပါသေးတယ်။

မိုးမခပင်ပုံတက်တူး

Source: http://www.bodyandfitnessblog.com/

မိုးမခပင်ပုံတက်တူးကတော့ ခွန်အားနဲ့တည်ငြိမ်အေးချမ်းမှုတို့ကို ကိုယ်စားပြုတဲ့ တက်တူးပုံစံဖြစ်ပါတယ်။ ပြန်လည်ရှင်သန်နိုင်တဲ့ အစွမ်းသတ္တိ နဲ့ အတူ အနာရောဂါ ကင်းငြိမ်းခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်တဲ့ တက်တူးပုံစံဖြစ်ပါတယ်။