Source: http://www.findhealthremedies.com/

ဆီးချိုသွေးချိုရောဂါလက္ခဏာတွေဟာ သိသိသာသာမပြတတ်ပါဘူး။ ရှိမှန်းလည်း မသိကြသူတွေများပါတယ်။ နောက်ဆက်တွဲရောဂါတွေ ခံစားရမှသာ သိကြတာပါ။ ဆီးချို သွေးချိုရောဂါဟာ စစ်ဆေးကြည့်မှ အတိအကျ သိနိုင်မှာဖြစ်တဲ့အတွက် ဒီရောဂါလက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆီးချိုသွေးချိုရှိတယ်လို့ သံသယဖြစ်နိုင်ပါတယ်။

ဒီလိုတွေ ဖြစ်လာနိုင်တယ်

Source: https://weekfacts.com/

သိသိသာသာပိန်သွားရင် ဒါမှမဟုတ် ဝလာရင် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးကြည့်သင့်ပါတယ်။ မကြာခဏဆီးသွားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ ခေါင်းအုံခေါင်းကိုက်တာတွေ ဖြစ်လာရင်လည်း သတိထားပါ။ မကြာခဏ ရေငတ်တာ၊ အာခြောက်တာ၊ အစားစားပြီပေမယ့်လည်း ထပ်ဆာတာ၊ အစားစားချင်စိတ် ခဏ ခဏ ဖြစ်တာနဲ့ အချိုကို တောင့်တတာတွေ ဖြစ်တတ်ပါတယ်။

ခံစားရမယ့် နာကျင်မှုတွေ

Source: https://www.wikihow.com/

မျက်စိပိုင်းဆိုင်ရာမှာလည်း အမြင်အာရုံ မကြည်မလင် ခံစားလာရတာ၊ ခြေလက်တွေမှာ ထုံကျဉ်လာတာ စတာတွေ ခံစားလာရပါတယ်။ အနာကျက်နှေးတာ အနာကောင်းကောင်းမကျက်တာနဲ့ အရေပြားယားယံတာတွေလည်း ဖြစ်လာပါတယ်။ လည်ပင်း ၊ ချိုင်းနဲ့ ပေါင်ခြံတွေမှာ အရေပြားအရောင် ညိုညစ်လာတာတွေလည်းတွေ့ရပါတယ်။

ဆီးချို သွေးချို ရောဂါနှစ်မျိုးအကြောင်း

Source: http://www.wfce.am/

ဆီးချို သွေးချိုရောဂါမှာ အမျိုးအစားအားဖြင့် နှစ်မျိုးရှိပါတယ်။ ကလေးငယ်တွေမှာ အဖြစ်များတတ်တဲ့ ဆီးချိုသွေးချိုရောဂါနဲ့ လူကြီးတွေမှာ အဖြစ်များတတ်တဲ့ ဆီးချိုသွေးချိုရောဂါ ရယ်လို့ နှစ်မျိုးရှိပါတယ်။ ဆီးချို သွေးချိုရောဂါကို တိတ်တဆိတ် လူသတ်သမားလို့ လူတွေက ပြောကြပါတယ်။