ဂီတလောကမှာ သီချင်းအေးအေးလေးတွေနဲ့သာမက သီချင်းမြူးမြူးလေးတွေကိုပါ ကကွက်ဆန်းလေး တွေနဲ့ မြူးမြူးကြွကြွလေး ဖျော်ဖြေတတ်တဲ့ အဆိုတော်ရတနာမိုင်ဟာ ဆိုရင်ဖြင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ အခိုင်အမာ နေရာယူထားတဲ့ အမျိုးသမီးအဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။

ဂီတမျိုးဆက်

Source: Yadanar My (ရတနာမိုင်)

ပရိသတ်က မိုင်လေးလို့ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်ရတနာမိုင်ဟာ ဂီတနဲ့ပတ်သတ်ပြီး ထင်ရှားတဲ့ မျိုးဆက်တစ်ခုက ဆင်းသက်လာတာ ပဲဖြစ်ပါတယ်။ သူမရဲ့မိခင်ဖြစ်သူ အဆိုတော်မိုင်ဟာ တစ်ခေတ်တစ်ခါ က အင်မတန်မှ နာမည်ကျော်ကြား လူကြိုက်များတဲ့ တေးသံရှင်တစ်ဦးဖြစ်ပါတယ်။

ပရိသတ်အကြိုက်တွေ့စေခဲ့သည့် သီချင်းလေးများ

Source: Yadanar My (ရတနာမိုင်)

တေးသံရှင် ရတနာမိုင်ရဲ့ တေးသီချင်းများစွာ ရှိသည့်အနက် ပရိသတ်ရဲ့ တောင်းဆိုမှု အများဆုံးခံရတဲ့ သီချင်းလေးကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။ ‘ ရေမြေခြား ‘ ဆိုတဲ့တေးသီချင်းပဲဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့   ‘ သူသိစေ ‘ အယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့ပြီး ပရိသတ်တောင်းဆိုမှုအများဆုံးအဆိုတော်ရတနာမိုင် ရဲ့ သီချင်း ကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။   Featuring အနေနဲ့ တေးသံရှင်စိန်လင်းက အားဖြည့်ပေးထားပါတယ်။

မီနီအယ်လ်ဘမ်

Source: Yadanar My (ရတနာမိုင်)

ပရိသတ်တွေရဲ့ အချစ်တော် ရခိုင်တိုင်းရင်းသူလေး ရတနာမိုင်က သူမရဲ့ ပရိသတ်တွေအတွက် ရင်ခုန် စိတ်လှုပ်ရှားရမယ့် တေးအယ်လ်ဘမ် အသစ်လေးတစ်ခုကို စီစဉ်နေကြောင်း သိရပါတယ်။ သူမအမေဖြစ်သူ အဆိုတော် မိုင်ရဲ့ တေးသီချင်းတွေကို သူမတစ်ဦးထဲ ပြန်လည်သီဆိုသွားမယ့် Single အခွေလေးကို စီစဉ်နေ ပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့ပါတယ်။ အမေ့ရဲ့တေးသီချင်းလေးတွေကို ပြန်လည်ခံစားသီဆိုမှာ ဖြစ်တဲ့ အတွက် အကောင်းဆုံးပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ မီနီအယ်လ်ဘမ်လေးအဖြစ် ဖန်တီးထားပြီး ၂၀၁၉ခုနှစ်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။