ဒီတစ်ခေါက်မှာတော့ အခုလက်ရှိမှာ အရမ်းကိုနာမည်ကြီးပြီး အောင်မြင်ကျော်ကြားနေတဲ့ အမေရိကန်နိုင်ငံ Rapper တစ်ယောက်ဖြစ်တဲ့ Cardi B အကြောင်းကို တင်ဆက်ပြသပေးသွားမှာ ဖြစ်ပါတယ်။ Cardi B ဟာဆိုရင် New York နိုင်ငံမှာ မွေးဖွားသူတစ်ယောက်ဖြစ်ပြီး Rapper အဆိုတော် တစ်ယောက်အဖြစ် အရမ်းကို နာမည်ကျော်ကြားနေသူဖြစ်ပါတယ်။

Source: CNBC.com

အမြဲတမ်းဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ့်ပုံစံကိုယ့်ဟန်နဲ့ကိုယ် နေတတ်တဲ့ Cardi B ရဲ့ နာမည်မှန်ကို သိသူနည်းပါးလွန်းခဲ့ပါတယ်။ သူရဲ့ နာမည်အမှန်ကတော့ Belcalis Almanzar ပဲဖြစ်ပါတယ်။ Cardi B ကလောင်နာမည်ဖြစ်လာပုံကိုလည်း “ကျွန်မအစ်မနာမည်ဟာ Hennessy ဖြစ်တဲ့အတွက် ကျွန်မကိုလည်း အားလုံးက Bacardi လို့ခေါ်ကြပါတယ်။ ဒါကိုအစွဲပြုပြီးတော့ နာမည်တိုတစ်ခုအဖြစ် Cardi B လို့ ပေးဖြစ်ခဲ့တာဖြစ်ပါတယ်” လို့ ပြောပြသွားခဲ့ပါတယ်။

Source: Medium

သူမရဲ့ နာမည်အရင်းကိုတော့ မေမေ၊ ဖေဖေနဲ့ မိသားစုက လွဲရင်ဘယ်သူမှ မခေါ်ကြဘူးလို့လည်း ပြောပြခဲ့ပါတယ်။ သူရဲ့ မွေးနေ့ရက်ကတော့ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်နေ့ဖြစ်ပါတယ်။ Cardi B ဟာ Rapper အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် တေးရေးသူအဖြစ်လည်း လုပ်ကိုင်ပါသေးတယ်။

Source: billboard.com

သူမထုတ်လုပ်ခဲ့တဲ့ သီချင်းတွေထဲမှာမှ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး သီချင်း ၁၀ ပုဒ်ကိုလည်း ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

10) Ring – Cardi B Featuring Kehlani
9) I Do – Cardi B Featuring SZA
8) Drip – Cardi B Featuring Migos
7) Bartier Cardi – Cardi B Featuring 21 Savage
6) Be Careful – Cardi B
5) I Like It – Cardi B, Bad Bunny & J Balvin
4) MotorSport – Migos, Nicki Minaj & Cardi B
3) No Limit – G-Eazy Featuring A$AP Rocky & Cardi B
2) Finesse – Bruno Mars & Cardi B
1) Bodak Yellow ( Money Moves) – Cardi B

Source: Fuse TV

သူမဟာ Best New Hip Hop Artist, Single of the Year, Hustler of the Year at the BET Hip Hop Awards တွေကို ၂၀၁၇ခုနှစ်က ဆွတ်ခူးခဲ့ပါတယ်။ Cardi B သီချင်းအများစုက သူမတူတစ်မူထူးခြားနေတာ အားလုံးပဲ ကိုယ်တွေ့သိရှိကြမှာဖြစ်ပါတယ်။ စကားပြောတဲ့အခါမှာရော၊ ဝတ်ပုံစားပုံကအစ သူများနဲ့ ကွဲပြားနေတာဖြစ်ပါတယ်။

Source: billboard.com

အခုလက်ရှိမှာဆိုရင်တော့ Cardi B ဟာ သူမရဲ့ fiancé ဖြစ်သူ Offset ရဲ့ ကလေးငယ်လေးကို လွယ်ထားပြီပဲဖြစ်ပါတယ်။ သူမကိုယ်ဝန်လွယ်ထားခဲ့ရတယ်ဆိုတာကို ဧပြီလမှာ ကြေငြာခဲ့တယ်လို့လည်း သိရှိရပါတယ်။ ဘယ်လိုပဲ ကိုယ်ဝန်ကိုလွယ်ထားရပါစေဦးတော့ ပွဲတိုင်းကို အပြောင်မြောက်ဆုံးနဲ့ အမိုက်ဆုံး ဖျော်ဖြေနိုင်ခဲ့ပါတယ်။