ဘယ်လိုခေတ်တွေပြောင်းပြောင်း Jeans ကိုတော့ ဖက်ရှင်သမိုင်းကနေပယ်ဖျက်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂျင်းတွေဟာ Never Out Of Style ဆိုတဲ့အတိုင်း ခေတ်နောက်ကျသွားခြင်းလည်းမရှိပါဘူး။ 90s လောက်က ဒီဇိုင်းတွေလည်း တဖန်ပြန်လည် ခေတ်စားလာပြီး ဝတ်ဆင်ကြတာမျိုးလည်းရှိပါတယ်။ ဂျင်းအရောင်တွေထဲမှာဆို Blue Jeans က Classic အကျဆုံးပါ။ Blue Jeans မှာပင်လျှင် ဒီဇိုင်းကာလာတွေက ကွာခြားပါတယ်။ အခုပြောပြပေးမှာကတော့ ဘယ်လိုဂျင်းဘောင်းဘီဒီဇိုင်းနဲ့ ဘယ်လို Blue Jeans Shades တွေက ဘယ်လိုအဝတ်အစားတွေနဲ့လိုက်ဖက်သလဲဆိုတာကို အနည်းငယ် အလင်းပြပေးချင်ပါတယ်။

Source: The Trend Spotter

Slim Fit Blue Jeans ဘောင်းဘီဒီဇိုင်းတွေဟာ ကိတ်တဲ့သူတွေပိုဝတ်သင့်ပါတယ်။ Casual ဖြစ်တဲ့ တီရှပ် Jeans Jacket တွေနဲ့တွဲဖက်ပြီးဝတ်ဆင်နိုင်ပါတယ်။ Sexy မကျချင်ဘူးဆိုရင်တော့ Slim Fit အစား Straight Jeans ကိုအစားထိုးဝတ်စေချင်ပါတယ်။ခြေမျက်စိနားလောက်ရှိတဲ့ Blue Ankle Length Jeans ဘောင်းဘီတွေကိုတော့ Business Casual အနေနဲ့ ရှပ်အင်္ကျီတို့ Coat တို့နဲ့တွဲဖက်ဝတ်ဆင်နိုင်ပါတယ် ဂျင်းဘောင်းဘီဆိုပေမယ့် Chino ဘောင်းဘီတွေလို Cropped Jeans တွေဟာပေါ့ပေါ့ပါးပါး ရှိပါတယ်။

Source: The Trend Spotter

Bad-Boy Look ကိုရချင်ရင်တော့ Ripped Jeans တွေကို သားရေအပါးသား Suede Jacket နဲ့ဝတ်ဆင်နိုင်ပြီး Light Blue Jeans တွေ အတွက်ဆိုရင်တော့ Modish ဖြစ်တဲ့ အဖြူရောင် Sleeveless Tank Tops ကို အနက်ရောင် Jacket နဲ့ တွဲဖက်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ Charming ဖြစ်ပြီး Serious Look ကို ရချင်ရင်တော့ Dark Blue Jeans ဘောင်းဘီတွေကို Sweater နဲ့ပဲဖြစ်ဖြစ် Grey Blazer နဲ့ပဲဖြစ်ဖြစ် Bomber Jacket နဲ့ပဲဖြစ်ဖြစ်ကြိုက်နှစ်သက်သလိုတွဲဖက် ဝတ်နိုင်ပါတယ်။ ဂျင်းဘောင်းဘီကိုရှုးသွပ်တဲ့ အမျိုးသားတွေအတွက် ဒီအချက်လေးတွေက အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Source: The Trend Spotter