Whitney Houston နာမည်ကို ကြားလိုက်ရုံနဲ့ ဒီနေ့ ဒီအချိန်အထိ အားလုံးရဲ့ ရင်ထဲမှာ သဘောကျကြိုက်နှစ်သက်နေဦးမယ်လို့ယုံကြည်ပါတယ်။ သူမက R&B ၊ Pop ၊ Soul နဲ့ Gospel ကို အပိုင်နိုင်ဆုံး အသံပါဝါတွေ၊ သူ့ရဲ့ စာသားကိုနားထောင်မိတဲ့သူတိုင်း နစ်မျောသွားအောင် ဖန်တီးနိုင်တဲ့အတွက်ကြောင့်ဆိုလည်း မမှားပါဘူး။ သူမက တေးသီချင်းသီဆိုတဲ့နေရာမှာပဲ ထူးချွန်ရုံတင်မကပဲ သရုပ်ဆောင်ပိုင်းမှာရော မော်ဒယ်လ်ပိုင်းမှာပါ ထူးချွန်ပြီး ပရိသတ်တွေရဲ့ အချစ်ကို ဖမ်းစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးပဲ Film Producer အနေနှင့်ပါ လုပ်ကိုင်ခဲ့ဖူးတာကို လေ့လာတွေ့ရှိရပါတယ်။

Source: whitneyhouston.com

ဘက်စုံကနေထူးချွန်နေခဲ့တဲ့ Whitney Houston က ၁၉၆၃ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ မွေးရပ်မြေကတော့ Newark လို့ခေါ်တဲ့ အမေရိကားမြို့ထဲက New Jersey မြို့ငယ်လေးပဲဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Whitney Elizabeth Houston လို့ခေါ်ပါတယ်။ ပညာရေးအနေနဲ့တော့ Mount Saint Dominic Academy မှာ ပညာသင်ကြားခဲ့ပါတယ်။ ဘက်စုံထူးချွန်နေတဲ့ အနုပညာအလုပ်တွေအားလုံးကိုလည်း အချိန်တလေးတစားနဲ့ ကြိုးစားပြီး လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။

သူမရဲ့ အောင်မြင်ကျော်ကြားမှုက ဘယ်လောက်အထိတောင်ကြီးမားခဲ့လဲဆိုရင် ထွက်ရှိသမျှ Album တိုင်းက ချက်ချင်းဆိုသလို ရောင်းအားကောင်းလွန်းတဲ့အတွက်ကြောင့် Recording Industry Association of America ကနေပြီး Diamond ၊ Multi-platinum ၊ Platinum နဲ့ Gold အစရှိတဲ့ Certificate များ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

Source: artspecialday.com

သူ့ကိုပိုပြီး ကမ္ဘာတစ်ဝှမ်းလုံးက အားပေးမှုနဲ့ နှစ်သက်မှုကို ရရှိစေခဲ့တာကတော့ ၁၉၉၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Bodyguard ရုပ်ရှင်ကြောင့်ပဲဖြစ်ပါလိမ့်မယ်။ အဲဒီ ဇာတ်ကားထဲမှာပါဝင်တဲ့ Official Soundtrack တွေထဲက တစ်ပုဒ်ဖြစ်တဲ့ I Will Always Love You သီချင်းဟာဆိုရင် ယနေ့တိုင်အထိ Cover Songs တွေပြန်သီဆိုကြတဲ့အထိပါ နာမည်ကြီးနေဆဲဖြစ်တဲ့သီချင်းဖြစ်နေခဲ့ပါတယ်။ ဒါတင်မကသေးပဲ အခြားခြားသော Grammy Awards တွေကို စဉ်ဆက်မပြတ်ဆွတ်ခူးနေနိုင်ခဲ့ပါတယ်။

ဒီလောက်အထိ တိုင်းဆလို့မရအောင် ထူးချွန်နေတဲ့သူမဟာ မမျှော်လင့်ပဲ Cocaine Intoxication လို့ခေါ်တဲ့ ဆေးခြောက်အဆိပ်သင့်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ သူမသေဆုံးခဲ့တဲ့အချိန်မှာ ပရိသတ်တွေအားလုံး ရင်ထုမနာဖြစ်ခဲ့ကြရတယ်လို့ သိရှိရပါတယ်။ Feburary 11ရက်နေ့ ၂၀၁၂ခုနှစ်မှာသေဆုံးခဲ့ပေမယ့် အခုထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ I Will Always Love You ဆိုတဲ့ သီချင်းလေးတိုင်း Whitney Houston က တည်ရှိနေဦးမှာဖြစ်ပါတယ်။