[Zawgyi ]
Source: DHgate
Source: Amazon
[Unicode]
ဒီနေ့တော့ အတွင်းခံဘောင်းဘီ ဝတ်ခြင်း၊ မဝတ်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုး တွေကို ပြောပြပေးသွားမှာပါ။
အတွင်းခံ မဝတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ
Source: Gentleman’s Gazette
အမျိုးသားတွေရဲ့ လိင်တံနဲ့ ဝှေးစေ့ကို ထိန်းထားမဲ့ အရာမရှိလို့ အူကျဖို့ ပိုလွယ်ကူတယ်။ အရာဝတ္ထုတွေနဲ့ ထိခိုက်မိတဲ့အခါ လိင်တံ ကိုဒဏ်ရာပိုဖြစ်စေနိုင်တယ်။ အသားကြမ်းတဲ့ ဘောင်းဘီတွေဝတ်တဲ့အခါမှာ လိင်အင်္ဂါက နဲ့ ပွတ်တိုက်ဖန်များပြီး အသား တွေပွန်းပဲ့တာ၊ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။
ဘောင်းဘီဇစ်က လိင်တံအရေပြား ကိုညှပ်မိနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။ ဘောင်းဘီက အနံဆိုးတွေ ထွက်လာပါမယ်။ လိင်အင်္ဂါတစ်ဝိုက်ဟာ အေးမြနေတဲ့အတွက် သုက်ပိုးတွေကို ပိုမိုအားကောင်းကျန်မာစေတယ်။
အတွင်းခံဘောင်းဘီ ဝတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ
Source: DHgate
အရာဝတ္ထုတွေနဲ့ ထိခိုက်မိတဲ့အခါ လိင်တံကို ပြင်းထန်စွာဒဏ်ရာရခြင်းမှ အနည်းငယ်ကာကွယ်ပေးနိုင်ပါတယ်။ လိင်အင်္ဂါ အနီးတဝိုက်ထွက်တဲ့ ချွေး အနံဆိုးတွေကို စုပ်ယူပေးတယ်။ ဘောင်းဘီဇစ် နဲ့ လိင်တံ အရေးပြားညပ်မိခြင်းမှာ ရှောင်ရှားနိူင်မယ်။ အတွင်းခံတွေကို မလျှော်ပဲ ထပ်ခါထပ်ခါဝတ်ရင်တော့ ယားနာ၊ ပွေး နဲ့ ဝဲခြောက်တွေ ဖြစ်စေပါတယ်။အပေါ်က ဖော်ပြခဲ့တာတွေကတော့ အတွင်းခံဘောင်းဘီ (underwear) ဝတ်ခြင်း၊ မဝတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး တွေပါပဲ။
အခု ပရိသတ်တွေအတွက် ထပ်မံ အကြံပေးချင်တာကတော့
Source: Amazon
အိမ်မှာနေရင် အတွင်းခံမဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းစေတဲ့ ပုဆိုး ဒါမှမဟုတ် ဘောင်းဘီတိုလေးတွေကို ဝတ်ဆင်ပါ။ကိုယ်ဝတ်မဲ့ အတွင်းခံဘောင်းဘီ ကိုသေချာစွာရွေးချယ်ပါ။ အရမ်းကြီး ကျပ်တဲ့ ဘောင်းဘီတွေကို မဝတ်ပါနဲ့။ အရမ်းကြီး ကြီးလွန်းတဲ့ ဘောင်းဘီတွေလည်း မဝတ်ပါနဲ့။ အနေတော်လေး ရွေးဝတ်ပါ။အတွင်းခံဘောင်းဘီတွေကို တခါထက်ပိုမဝတ်ပါနဲ့။ မှန်မှန်လျှော်ပေးပါ။
၆ လတကြိမ်လောက် အတွင်းခံတွေကို လည်းလှဲပေးပါ။ အဟောင်းတွေ လွှင့်ပစ်ပါ။