စကိတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ဝေမျှပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စကိတ်စီးတယ်ဆိုတာ ကလေးတွေဆော့ကစားတဲ့ ကစားနည်းတစ်ခုလိုတောင် ဖြစ်နေပါတယ်။ လူငယ်တွေကြားမှာတော့ စကိတ်နဲ့ပတ်သက်ပြီး သိချင်တာတွေ၊ စိတ်ဝင်တစားရှိတာတွေတော့ ရှိနေပါတယ်။ ဒီတော့ စကိတ်အကြောင်း တစေ့တစောင်းပြောပြချင်ပါတယ်။

စကိတ်စတင်ရာ

Source: International Traveller

နော်ဝေး ရဲ့ Skíð ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ သစ်သားတစ်စဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက (ဘီစီ ၄၀၀၀ ကလို့တော့ ဖော်ပြထားပါတယ်)။ နော်ဝေးကပညာရှင်တွေဟာ သူတို့အရပ်မှာ စကိတ်စီးကြည့်ဖို့ စတင်အကြံပြုကြတယ်လို့ သိရပါတယ်။

အာရှက စတင်တာလည်း ဖြစ်နိုင်

Source: International Traveller

စကိတ်စီးတဲ့ အားကစားဟာ နော်ဝေးက စတင်တယ်လို့ လူအများက လက်ခံထားကြပေမယ့်လည်း အာရှက စတင်တာလည်း ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ တရုတ်၊ မွန်ဂိုလီးယား၊ ကာဇက်စတန်နဲ့ ရုရှားနိုင်ငံတွေမှာလည်း အစောပိုင်းကတည်းက ဒီစကိတ်စီးခြင်း အားကစားကို ကျင့်သုံးလာခဲ့ကြတာပါ။

Snurfer အကြောင်း

Source: International Traveller

၁၉၆၅ခုနှစ်မှာတော့ အမေရိကန် မီချီဂန်မှာ Sherman Poppen ဟာ သူ့သမီးလေး နှင်းတောထဲမှာ စီးနင်းဆော့ကစားဖို့အတွက် ဘီးမပါတဲ့ စကိတ်ဘုတ်တစ်ခုကို ပြုလုပ်ဖန်တီးခဲ့ပါတယ်။ နှင်းတောထဲမှာ စီးနင်းဖို့ပြုလုပ်လိုက်တဲ့ အဲဒီ့စကိတ်ဘုတ်ကို သူက စနာ့ဖာလို့ ခေါ်ပါတယ်။ ဆယ်နှစ်အကြာမှာတော့ လက်ကိုင်ကြိုးတွေ ပါဝင်လာတဲ့ စနာ့ဖာတွေကို ရောင်းချလာကြပါတော့တယ်။

ရှားလော့ဟုမ်းဖန်ဆင်းရှင် နဲ့ စကိတ်စီးခြင်းအနုပညာ

Source: International Traveller

ရှားလော့ဟုမ်း ဝတ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာ Conan Doyle ဟာ ၁၈၉၃ ခုနှစ်မှာ ဆွစ်ဇာလန်ကို ပြောင်းရွှေ့လာချိန်မှာတော့ စကိတ်စီးခြင်းအနုပညာတစ်ရပ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ သူ့ဇနီးသည်ရဲ့ ကျန်းမာရေးအတွက် အထူးကောင်းစေမယ့်နေရာကို ပြောင်းရွှေ့လာခဲ့ကြတာဖြစ်ပါတယ်။ ရွာသားတွေ ပြောဆိုကြမှာစိုးလို့ သူဟာ ညအခါမှာပဲ နှင်းလျှောစီးတတ်ပါတယ်။ နှင်းလျှောစီးခြင်းရဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေကို ပထမဆုံး ရေးသားဖော်ပြခဲ့တဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်လည်း ဖြစ်ပါတယ်။