အောင်မြင်ကျော်ကြားမှုဟာ လူတိုင်းဆီကို မသွားပါဘူး။ သူသွားသင့်တဲ့လူဆီကိုပဲ တန်းတန်းမတ်မတ်သွားတာဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့ အောင်မြင်မှုတွေ သင့်ဆီလာဖို့အတွက် အပြုအမူကျင့်ကြံအားထုတ်မှုတွေ လိုအပ်တာပေါ့။
ကြောက်စိတ်ကင်းပါစေ
Source: oapce.com.br
ကိုယ်ယုံကြည်ရာကို ပြောရဲ၊ လုပ်ရဲတဲ့ သတ္တိမျိုး မွေးမြူထားပါ။ လူပုံအလယ်မှာ ရဲရင့်တဲ့လူတစ်ယောက် ဖြစ်ဖို့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ စိတ်ဓတ်ခွန်အားတွေလိုအပ်ပါတယ်။ တည်ကြည်ပြတ်သားတဲ့ အပြောအဆိုတွေနဲ့ လူအများရဲ့အထင်ကြီးလေးစားမှုတွေကို ရယူလိုက်ပါ။
ပညာရဲရင့်မှုရှိပါစေ
Source: ministeriosdidaskalia.org
ပွဲလယ်တင့်ဖို့အတွက် ကိုယ့်ဆီမှာ ရဲရင့်တဲ့ပညာညာဏ်တွေနဲ့ ပြည့်စုံနေဖို့လိုပါတယ်။ ဗဟုသုတ၊ပညာနဲ့ ပြည့်စုံတဲ့အခါမှာ လူအများအလယ်မှာ မှန်ကန်တိကျတဲ့စကားတွေကို ပြောဆိုနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ဗဟုသုတတွေကိုလည်း လူအများကို ပြန်လည်ဖြန့်ဝေပေးနိုင်တာပေါ့။
တက်ကြွလန်းဆန်းနေပါစေ
Source: Shutterstock
ကိုယ့်ရဲ့တက်ကြွလန်းဆန်းမှုတွေကို အများတကာကို ပေးဝေလိုက်ပါ။ သင့်ကိုကြည့်ပြီး ထိုင်းမှိုင်းမှုတွေ ပျောက်သွားတယ်ဆိုရင် သင်ဟာလူစွမ်းကောင်းပေါ့။ ပေါ့ပါးတက်ကြွစွာနဲ့ နေ့ရက်တွေကိုဖြတ်သန်းပြီး အောင်မြင်မှုတွေကို ဆွတ်ခူးလိုက်ပါ။
မှန်ကန်တိကျသူဖြစ်ပါစေ
Source: Center for American Progress
ကိစ္စရပ်တိုင်းကို ဆုံးဖြတ်ရာမှာ စနစ်တကျဝေဖန်သုံးသပ်နိုင်အောင် ကြိုးစားပါ။ မှန်ကန်တဲ့ဘက်ကရပ်တည်ပြီး ဘက်လိုက်မှုတွေနဲ့ ကင်းအောင်နေပါ။ သင့်ရဲ့မွန်မြတ်တဲ့စိတ်နေသဘောထားနဲ့ တိကျပြတ်သားမှုကို အများကအထင်ကြီးလေးစားလာပါလိမ့်မယ်။