ဒစ်စနီကာတွန်းထဲမှာဆိုရင် ကာတွန်းဇာတ်ကောင်တွေက အမြဲတမ်းပျော်ရွှင်စရာအဆုံးသတ်နဲ့ ဇာတ်သိမ်းသွားလေ့ရှိပါတယ်။ အကယ်၍ ဒစ်စနီကာတွန်းဇာတ်ကောင်တွေသာ ပြင်ပလောကကို ရောက်လာခဲ့မယ်ဆိုရင် ပျော်ရွှင်စရာအဆုံးသတ်ကို ပိုင်ဆိုင်ရပါ့မလား။

ဟာဂျူလီ၊ မူလန်၊ တာဇံနဲ့ The Emperor’s New Groove စတဲ့ ကာတွန်းကားတွေကို ရေးဆွဲတုန်းကလည်း တစ်တပ်တစ်အားပါဝင်ခဲ့တဲ့ ကာတွန်းရေးဆရာ Jeff Hong က ဒစ်စနီကာတွန်းဇာတ်ကောင်တွေကို အသုံးပြုပြီး ယနေ့ခေတ် ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ ဒုက္ခမျိုးစုံကို မီးမောင်းထိုးပြလိုက်ပါတယ်။

၁။ မူလန်

Source: brightside.me

လေထုညစ်ညမ်းမှုကြောင့် မူလန်လည်း မျက်နှာဖုံးတွေတောင် တပ်နေရပါပြီ။ ယနေ့ခေတ်မှာ စက်ရုံ၊ အလုပ်ရုံတွေ မော်တော်ယာဉ်တွေကထွက်တဲ့ အန္တရာယ်ရှိတဲ့ မီးခိုးငွေ့တွေ ဓာတ်ငွေ့တွေ လူသားတွေ ရှူရှိုက်နေရပါပြီ။ သန့်ရှင်းလတ်ဆတ်တဲ့လေဆိုတာလည်း ရှားပါးသွားပါပြီ။

၂။ အေရီရယ်

Source: brightside.me

ညစ်ညမ်းနေတဲ့ ရေထုထဲမှာ မနည်းအသက်ရှင်အောင် ကြိုးစားနေရရှာတဲ့ ရေသူမလေး အေရီရယ်ပါပဲ။ စက်ရုံ၊ အလုပ်ရုံက စွန့်ပစ်ပစ္စည်းတွေ၊ လူတို့စွန့်ပစ်လိုက်တဲ့ အမှိုက်သရိုက်နဲ့ ပလပ်စတစ်အိတ်တွေကြောင့် ရေနေသတ္တဝါလေးတွေရဲ့ အသက်ထိခိုက်ဆုံးရှုံးနေရပါတယ်။

၃။ အယ်လ်ဆာ

Source: brightside.me

ရေခဲမင်းသမီးလေး အယ်လ်ဆာလည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတောင်တွေ အရည်ပျော်ကျနေတာကို ဘယ်လိုမှ မတားဆီးနိုင်တော့ပါဘူး။

၎။ ကား ကာတွန်း

Source: brightside.me

Lightning McQueen လည်း သူ့ကာတွန်းကားထဲမှာတော့ ဘယ်လောက်ပဲ မြန်မြန်မောင်းနိုင်ပါစေဦးတော့ အပြင်လောကလည်းရောက်ရော ယာဉ်ကြောပိတ်ဆို့နေလို့ ငုတ်တုတ်ကိုမေ့ပါလေရော။

၅။ Winnie The Pooh

Source: brightside.me

သစ်တောများ အလွန်အကျွံခုတ်လှဲမှု၊ သစ်တောပြုန်းတီးမှုကြောင့် ဝက်ဝံလေး ဝင်းနီးခမျာလည်း နေစရာအိမ်ပျောက်သွားပါပြီ။

၆။ The Lion King

Source: brightside.me

ခြင်္သေ့ငယ်လေး Simba ဟာဆိုရင်ဖြင့် လူအများအပန်းဖြေကြည့်ရှုနိုင်ဖို့အတွက် ဖမ်းဆီးခံရပြီး တိရိစ္ဆာန်ရုံထဲမှာပဲ နေ နေရပါပြီ။

၇။ Nani ၊ Lilo နဲ့ Stitch

Source: brightside.me

ယနေ့ခေတ်ရဲ့ ဆင်းရဲမွဲတေမှုကို မီးမောင်းထိုးပြဖို့အတွက် Nani ရယ် Lilo ရယ် Stitch တို့ သုံးယောက်ကို လမ်းဘေးမှာ တောင်းရမ်းစားသောက်နေရတဲ့ပုံကို ရင်နာစရာမြင်တွေ့ရမှာပါ။

၈။ ကာစီနိုကစားဝိုင်းမှာ အတင်းအကြပ်စေခိုင်းခံနေရတဲ့ ပိုကာဟွန်းတက်စ်

Source: brightside.me

၉။ Mowgli

Source: brightside.me

The Jungle Book ထဲက Mowgli လေးကတော့ စွန့်ပစ်အမှိုက်တွေကို အထူးအဆန်းသဖွယ် ကြည့်ရှုနေပါတယ်။ ပြင်ကလောကကြီးက သူနေထိုင်နေတဲ့ တောကြီးမျက်မည်းနဲ့ မတူတဲ့ပုံပါပဲ။

၁၀။ ဆင်လေး Dumbo

Source: brightside.me

ဆင်လေး Dumbo ကတော့ ဆပ်ကပ်အဖွဲ့မှာ အတင်းအကြပ်စေခိုင်းခြင်းခံနေရပါပြီ။

၁၁။ အဖမ်းခံလိုက်ရတဲ့ Sebastian

Source: brightside.me

၁၂။ မိမိအလှကို မကျေနပ် မရောင့်ရဲနိုင်ဘဲ လှပြီးရင်း လှချင်နေတဲ့ Belle

Source: brightside.me

၁၃။ ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ခံနေရတဲ့ ကြွက်ကလေး Remy

Source: brightside.me

၁၄။ သမင်လေး Bambi

Source: brightside.me

Bambi ဟာလည်း အမဲလိုက်ခံရပြီးနောက် အိမ်ဦးခန်းထဲမှာ အလှပြချိတ်ဆွဲထားခြင်း ခံလိုက်ရပါပြီ။

Source: Brightside.me