အမျိုးသားတစ်ယောက်အတွက် ထိပ်ပြောင်ခြင်းဟာ သူ့ရဲ့အနာဂတ်အိမ်မက်တွေကို တစစီပြိုကွဲသွားသလိုပါပဲ။ ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ဟာစတိုင်ကျဖို့အတွက် အဓိကလိုအပ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုအရေးပါတဲ့ ဆံပင်တွေတဖြည်းဖြည်းကျဲပါးလာခြင်းဟာ သင့်အတွက်ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ရပ်ပဲပေါ့။

အမျိုးသားတွေ ဘယ်အချိန်မှာ ထိပ်ပြောင်လာတတ်သလဲ။

Source: Hair Cut Ideas

လေ့လာမှုတွေအရ အမျိုးသားတွေဟာ အသက် ၃၅ နှစ်ဝန်းကျင်မှာ စတင်ပြီး ဆံပင်တွေကျဲပါးလာတဲ့ဒုက္ခကို ခံစားလာရပါတယ်။ တဖြည်းဖြည်းနဲ့ ဆံပင်တွေကျွတ်လာလိုက်တာ အသက် ၅၀ ဝန်းကျင်မှာတော့ အတော်ကြည့်ရဆိုးတဲ့ ထိပ်ပြောင်ကြီးတစ်ယောက်ဖြစ်မှန်း မသိဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။

ထိပ်ပြောင်ခြင်းကို ဘယ်လိုကာကွယ်မလဲ။

Source: Elite Daily

ဆံပင်ကျွတ်၊ ထိပ်ပြောင်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်နဲ့ ပရိုတင်းဓာတ်တွေချို့တဲ့သည့်အတွက်ကြောင့် ဖြစ်တာလို့ ဆေးပညာရှင်များရဲ့အဆိုအရသိရပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ရွေးချယ်စားသောက်ပေးခြင်းဖြင့် ထိပ်ပြောင်ခြင်းကိုကာကွယ်နိုင်ပါတယ်။

ပြင်ပကုထုံးများ

Source: Balding Beards

ထိပ်ပြောင်ခြင်းဟာ ဦးရေပြားခြောက်သွေ့လာတဲ့အတွက် ဆံပင်တွေကျွတ်လာခြင်းကြောင့်ဖြစ်ပါတယ်။ ကိုယ်နဲ့မတည့်တဲ့ခေါင်းလျှော်ရည်အပြင်းစားတွေ ၊ Gel တွေကိုသုံးစွဲမိရာကနေလည်း အစပြုတတ်ပါတယ်။ ဦးရေပြားကျန်းမာအောင် သင့်တော်တဲ့ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီတွေကို ရွေးချယ်သုံးစွဲပေးသင့်တဲ့အပြင် Hair Wax အမြဲသုံးခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။