နေ့စဉ်ရက်ဆက် တူညီတဲ့ နေထိုင်ပြုမူမှုတွေကြောင့် နေ့ရက်တိုင်းဟာ စိတ်ပျက်ငြီးငွေ့မှုတွေနဲ့ချည်း ပြည့်နှက်နေပြီလား။ မနက်အိပ်ယာထ အလုပ်သွား အလုပ်ဆင်း အိမ်ပြန်ရောက် အိပ် ဒါတွေနဲ့ချည်း လုံးပမ်းနေရလို့ ကိုယ့်ဘဝကိုယ် စိတ်ပျက်သလိုဖြစ်နေပြီဆိုရင်တော့ စိတ်ခံစားမှုတွေ အသစ်ဖြစ်အောင် ပြုလုပ်လို့ ရတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

ခရီးသွားပါ

Source: wearinasia.com

လက်ရှိ ကိုယ် ရုန်းကန်နေရတဲ့ ဘဝကြီးရဲ့ အပြင်ဘက်ဆီ ခဏ ထွက်ကြည့်လိုက်ပါ။ စိတ်ခံစားမှုအသစ်ကို လိုချင်တယ်ဆိုရင်တော့ ကိုယ် တခါမှ မရောက်ဖူးတဲ့ နေရာတွေဆီ သွားရောက်လည်ပတ်ပစ်လိုက်ပါ။ ကိုယ် မရောက်ဖူးတဲ့ နေရာဒေသရဲ့ ရှူမျှော်ခင်းတွေ ၊ အငွေ့အသက်တွေ ၊ ဒေသခံလူတွေရဲ့ လူနေမှုဓလေ့စရိုက်နဲ့ စိမ်းသက်တဲ့ အပြောအဆိုတွေကတဆင့် ကိုယ့်ကို ခံစားမှုအသစ်တွေ ရရှိလာစေနိုင်ပါတယ်။

မလုပ်ဖူးတဲ အရာတွေ လုပ်ကြည့်ပါ

Source:blog.holacracy.org

ကိုယ် တခါမှ မလုပ်ဖူးတဲ့အရာတွေကို စမ်းလုပ်ကြည့်ပါ။ ကိုယ်က ညဈေးမလျှောက်ဖူးဘူးဆိုရင် ခု သွားလျှောက်ကြည့်လိုက်ပါ။ ကိုယ်က တက်တူးမထိုးဖူးဘူးဆိုရင် တက်တူးအတုလေးဖြစ်ဖြစ် စမ်းထိုးကြည့်ပါ။ ကိုယ်က ဒိုင်ယာရီမရေးခဲ့ဖူးဘူးဆိုရင် ခု ချရေးကြည့်ပါ။ ကာရာအိုခေသွားမဆိုဖူးဘူးဆိုရင် ခုချက်ချင်း ထလုပ်ကြည့်ပါ။ အတွေ့အကြုံသစ်တွေက ခံစားမှုအသစ်တွေကို ရရှိလာစေပါတယ်။

မသွားဖူးတဲ့ လမ်းတွေ လျှောက်ကြည့်ပါ

Source: wedemain.fr

အထက်ကပြောခဲ့သလိုပါပဲ။ မသွားဖူးတဲ့ လမ်းတွေ ကို သွားကြည့်ပါ။ အဲဒီလမ်းရဲ့ ပုံစံ ၊ လူတွေ နဲ့ အိမ်အဆောက်အဦးတွေက ရင်ထဲ ခံစားမှုအသစ်ရစေပါတယ်။ လမ်းလျှောက်မှ မဟုတ်ပါဘူး ။ ကားမောင်းပြီး သွားလည်းရပါတယ်။ ဘေးတစ်ဘက်တစ်ချက်တွေဆီ မြင်တွေ့ရတဲ့ ကိုယ်မမြင်ဖူးတဲ့ မြင်ကွင်းတွေက ကိုယ့်ရဲ့ ငြီးငွေ့မှုတွေကို တဒင်္ဂဖြစ်ဖြစ် သက်သာသွားစေပါတယ်။

မဖတ်ဖူးတဲ့ စာပေအမျိုးအစားတစ်ခုကို မြည်းစမ်းကြည့်ပါ

Source: starylev.com.ua

စာမဖတ်ဖူးတဲ့ လူရယ်လို့တော့ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် ကိုယ် မဖတ်ဖူးတဲ့ စာပေအမျိုးအစားတော့ ရှိပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ဘဝကိုယ် ငြီးငွေ့လာတဲ့ အခါ ၊ ခံစားမှုအသစ်လိုချင်တဲ့အခါမျိုးမှာ စာအုပ်ဆိုင်တစ်ဆိုင်ဆီ သွားပြီး ကိုယ်တခါမှ မဖတ်ဖူးတဲ့ စာပေအမျိုးအစားတစ်ခုကို မြည်းစမ်းဖတ်ကြည့်ပါ။

ဟင်းချက်ကြည့်ပါ

Source: guyinthekitchen.com

ယောကျာ်းလေးတွေအတွက် ဟင်းချက်ရတာဟာ စိတ်အပန်းဖြေမှုတစ်မျိုးပါပဲ။ ဒါ့ကြောင့် အိမ်မှာနေရင်း ပျင်းရိငြီးငွေ့လာတဲ့အခါ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့အခါ ဟင်းချက်ခြင်းအနုပညာကိုလည်း စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ တမူထူးခြားတဲ့ စိတ်ခံစားမှု အသစ်တွေ ရပါလိမ့်မယ်။