လောကမှာ ပညာတတ်နဲ့ သညာတတ်ဟာ မတူကွဲပြားလွန်းလှပါတယ်။ များသောအားဖြင့် လောကမှာ ပညာတတ်တွေ ရှားပါးပြီး သညာတတ်တွေ များပြားပါတယ်။ ပညာတတ် နဲ့ သညာတတ် ဘယ်လိုခွဲခြားမလဲ။ သင်ကိုယ်တိုင်ကကော ပညာတတ်ထဲမှာ ပါဝင်တာလား ၊ သညတတ်ထဲမှာ ပါဝင်တာလားဆိုတာကို ဆန်းစစ်ကြည့်ကြရအောင်ပါ

ပညာတတ် နဲ့ သညာတတ်

Source:nlbcministries.com

ပညာတတ်နဲ့ သညာတတ်ဟာ တူသလိုလိုနဲ့ မတူပါဘူး။ ပညာတတ်ဆိုတာဟာ စိတ်ထားကောင်းမွန်ပြီး အသိတရားရှိတဲ့သူတွေ ဖြစ်ပါတယ်။ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ အသိတရားက ပညာတတ်တွေမှာပဲ ရှိတာဖြစ်ပါတယ်။

သညာတတ်ဆိုတာ

Source:vironit.com

အတန်းပညာတတ်တာကတော့ သညာတတ်တွေပါ။ သညာတတ်တွေက အတန်းပညာတတ်ပေမယ့် အသိပညာမဲ့ကြတယ်။ သညာတတ်တွေက ကိုယ်ကျိုးပဲကြည့်တတ်ကြပါတယ် ။ အတ္တကြီးပါတယ် ။ တရားတာ မတရားတာ အမှုမထားဘဲ ထင်သလို လုပ်တတ်ကြပြီး ဆင်းရဲမှာကြောက်တတ်ကြသူတွေပါ။

ပညာတတ်ဆိုတာ

Source:nlbcministries.com

ပညာတတ်တွေကတော့ အတန်းပညာ ထက် အသိပညာ ပိုရှိကြသူတွေ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားအပြည့်ရှိပြီး လောကရဲ့ နိယာမတွေအပေါ် သိတတ်နားလည်သူတွေလည်း ဖြစ်ပါတယ်။ ပညာတတ်အစစ်တွေဟာ စာရိတ္တပျက်ပြားဖို့ ခဲယဉ်းကြသူတွေပဲဖြစ်ပါတယ်