ကိုယ့်ရဲ့ ကွဲပြားခြားနားခြင်းကို တခြားလူတွေ လက်မခံမှာကို စိုးရိမ်နေတာနဲ့ပဲ ကိုယ့်ရဲ့ ဖန်တီးနိုင်မှု စွမ်းအားတွေကို ရပ်တန့်ပစ်တော့မှာလား။ အများနဲ့မတူပဲ ကွဲပြားခြားနားတဲ့သူတစ်ဦးဖြစ်ချင်တယ်ဆိုရင် ကိုယ်ပိုင်ဖြစ်တည်မှုကို ပထမဦးဆုံးအလေးထားတတ်ဖို့လိုအပ်ပါတယ်။ လူတိုင်း လူတိုင်းမှာ မတူညီတဲ့အရည်အချင်းဆိုတာရှိစမြဲပါ။ သို့ပေမယ့်ကိုယ်ဝါသနာပါရာ ကိုယ်အားသန်ရာနယ်ပယ်ကိုရွေးချယ်လိုက်ပြီဆိုတာနဲ့ တစ်ဖက်ကမ်းခက်အောင် ကြိုးစားအားထုတ်တတ်ဖို့က အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်းကို လျစ်လျူရှုပြီး သူတစ်ပါး ဖြစ်တည်မှုကိုအားကျနေမယ့်အစား ကိုယ့်ရဲ့ထူးခြားတဲ့စွမ်းရည်ကို ထုတ်ဖော်တတ်ဖို့တော့လိုပါတယ်။

လူရယ်လို့ဖြစ်လာရင်တော့ ကိုယ်မှာရှိတဲ့အရာကို ရောင့်ရဲကျေနပ်စွာနဲ့နေထိုင်တတ်ဖို့က အရေးပါလှပါတယ်။ ရှိသမျှနဲ့ရောင့်ရဲရမယ်ဆိုပေမယ့် ကိုယ်ရှင်သန်နေတဲ့ဘဝမှာ ကိုယ့်ထူးခြားမှုကို မဖုံးကွယ် မကွယ်ဝှက်ဘဲ ရဲဝင့်စွာရှင်သန်တတ်ဖို့ပဲလိုပါတယ်။ လူတော်တော်များများဟာ ပျော်ရာမှာမနေရ တော်ရာမှာပဲနေရတယ်ဆိုတဲ့ အစွဲနဲ့ပဲ ကိုယ်ရဲ့စိတ်ဆန္ဒတွေကို မြေမြုပ်ပစ်လိုက်တာများပါတယ်။ အိမ်မက်ဆိုတဲ့အရာထက် ဆန္ဒဆိုတဲ့အရာကိုရှေ့တန်းတင်ကြလို့ပါပဲ။ အောင်မြင်မှုကိုပိုင်ဆိုင်တဲ့သူတွေ ဒါမှမဟုတ် နယ်ပယ်တိုင်းမှာထူးခြား ထူးချွန်တွေဟာ Comfort Zone ဆိုတာထက် အိမ်မက်နောက်ကိုလိုက်တဲ့သူတွေလို့ပြောရမှာဖြစ်ပါတယ်။

ဘဝဟာ ဒုံရင်းဒုံရင်းနဲ့ နေထိုင်မယ့်အစား ကိုယ့်ရဲ့ Signature ဟာ ဘယ်အရာလဲဆိုတာကိုရှာတွေ့မှသာ လောကမှာနေရတာအဓိပ္ပာယ်ရှိမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် အဆိုတော်တွေသော်လည်းကောင်း DJ သမားတွေသော်လည်းကောင်း အခြားသောနယ်ပယ်အသီးသီးမှာ တော်တဲ့သူတွေပဲဖြစ်ဖြစ် သူူတို့အားလုံးမှာ တူညီတဲ့အချက်တစ်ခုဟာ ကိုယ်ဘာလဲဆိုတာကို အကောင်းဆုံးပြသနိုင်မှုပါပဲ။ ထူးခြားဆန်းပြားပြီး တီထွင်ဖန်တီးနိုင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကိုယ့်ဘဝအတွက် အလိုက်ဖက်ဆုံး Signature ဒါမှမဟုတ် ကိုယ့်ရွေးချယ်မှု ကိုယ့်ရဲ့ဘဝ ကိုယ့်ရဲ့Signature သူများနဲ့မတူတာတစ်ခုခုကို ဖန်တီးဖို့ စိုးရိမ်နေလား။ အခုပဲ ကွဲပြားခြားနားတဲ့ ကိုယ့်ရဲ့ Signature ကို ကိုယ့်ဘဝရဲ့ အကောင်းဆုံး အချိန်မှာ ရှာဖွေပြီး ဖန်တီးလိုက်ပါ။

Grand Royal Signature ဟာဆိုရင် ဝီစကီတွေထဲမှာမှ အများနဲ့မတူဘဲ တမူထူးခြားတဲ့ ကွဲပြားခြားနားမှုကြောင့် ၂၀၁၇ က Monde Selection Award မှာ ရွှေဆုကြီးကို ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ညီအစ်ကို တို့လည်း အမျာနဲ့ မတူတဲ့ ကွဲပြားခြားနား ဆန်းသစ် မှုတွေကို ရှာဖွေနေတယ်ဆိုရင်တော့ Signature ကိုသာရွေးချယ်လိုက်ပါ။