ဘာလုပ်လိုက် လုပ်လိုက် အဆင်မပြေမှုတွေချည်းပဲ တွေ့ကြုံခံစားနေရသူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားနေရပါသလား။ စိတ်ဓာတ်တွေ ကုန်းကောက်လို့ မရနိုင်တော့လောက်အောင် ကျဆင်းနေပြီလား။ ဒီလိုဖြစ်နေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းရဲ့ ဘဝမှာ စိတ်ဓာတ်ကျစရာတွေ ၊ နာကြည်းစရာတွေ ၊ ကျရှုံးမှုတွေ အများကြီး ကြုံတွေ့ကြရတာပါပဲ။ ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားကြမလဲ။
လဲကျတိုင်း ပြန်ထဖို့ မမေ့ပါနဲ့

Source: https://www.goalcast.com/
လူတိုင်းဘဝမှာ လဲမကျဖူးတဲ့သူရယ်လို့ မရှိပါဘူး။ လူ့ဘဝရယ်လို့ အစပြုခဲ့တဲ့အချိန်ကစတင်ပြီး လူတိုင်းမကြာခဏ လဲကျဖူးမှာပါ။ လဲကျတာက အရေးမကြီးပါဘူး။ လဲကျတဲ့အခါတိုင်း ပြန်ထနိုင် ပြန်မထနိုင်ဆိုတာက အရေးကြီးတာပါ။
လူတိုင်း အမှားနဲ့ မကင်းပါဘူး

Source: http://www.kore1.com/
အမှားကင်းစင်နေတဲ့ လူရယ်လို့ မရှိပါဘူး။ လူတိုင်း အမှားလုပ်တတ်၊ လုပ်ဖူး ၊ လုပ်ခဲ့ကြပါတယ်။ တကယ်တော့ အမှားလုပ်တယ်ဆိုတာ လူတိုင်းလိုလိုပါပဲ။ ပြုလုပ်ခဲ့ဖူးတဲ့အမှားတွေအတွက် စိတ်ဓာတ်ကျနေစရာမလိုပါဘူး။
အမှားတွေပြုလုပ်မိလည်း ပြန်ပြင်ဆင်ပါ

Source: https://pi.tedcdn.com/
အမှားတွေ လုပ်မိတဲ့တိုင်အောင် အမှန်ပြန်ပြင်ဆင်နိုင်ဖို့က အရေးကြီးပါတယ်။ ကိုယ် အမှားလုပ်ခဲ့တယ်ဆိုတာကို သိနေဖို့လည်း လိုပါသေးတယ်။ ကိုယ်က အမှားတွေ ကျူးလွန်ထားပေမယ့်လည်း အမှားမှန်း မသိတဲ့အခါမျိုးမှာ ပြန်ပြင်ဖို့ဆိုတာလည်း ဝေလာဝေးပါ။
အချိန်နောက်ကျသွားတယ်ဆိုတာ မရှိပါဘူး

Source: https://i.amz.mshcdn.com
ဘယ်လောက်ပဲ အမှားတွေ လုပ်ခဲ့မိပါစေ၊ ပြန်လည်ပြင်ဆင်ဖို့အတွက် အချိန်နှောင်းနေပြီဆိုတာ မရှိပါဘူး။ ပြင်ဆင်လိုစိတ်ရှိရင် ဘယ်အချိန်မျိုးမှာမဆို ကိုယ့်ရဲ့အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အချိန်မီပါသေးတယ်။ ဒီတော့ ကိုယ့်အမှားတွေကို သတိထားမိတယ်ဆိုရင် ချက်ချင်းအမှန်ပြင်ဆင်ဖို့ ကြိုးစားပါ။
အောင်မြင်မှုဆီရောက်ဖို့ ဇွဲရှိပါ

Source: Leading With Trust
အောင်မြင်မှုကို ရဖို့ ပါးစပ်ကအော်နေလို့ မရပါဘူး။ လက်တွေ့ကြိုးစားမှဖြစ်မှာပါ။ အောင်မြင်မှုကို ရရှိဖို့အတွက် ဇွဲ ၊ လုံ့လ ၊ ဝီရိယထားပြီး ကြိုးစားအားထုတ်ရပါမယ်။ ဒီတိုင်း အောင်မြင်မှုကို တမနေပါနဲ့။ ရောက်တဲ့နေရာကနေ ကိုယ့်ရဲ့ အောင်မြင်ပန်းတိုင်ဆီ အရောက်သွားပါ။