လတ်တလောသိပြီးကြပြီးသား သတင်းလည်းဖြစ်မှာပါ အဆိုတော်မလေး Ariana ဟာ သူနဲ့ စေ့စပ်ပြီးသား ဟာသ သရုပ်ဆောင် Pete Davidson နဲ့ လမ်းခွဲလိုက်ပြီပဲဖြစ်ပါတယ်။ လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ Pete နဲ့လမ်းခွဲလိုက်တာကြောင့် ပရိသတ်တွေ၊ မီဒီယာတွေဟာ အရမ်းစိတ်ဝင်စားနေတဲ့ Hit ဖြစ်တဲ့သတင်းဖြစ်သလို Public အထိချတွဲပြီး၊ Pete အတွက်သီချင်းတွေတောင်ရေးပေးပြီးမှ၊ အရမ်းကြီးချစ်ကြပြီးမှ ဘာလို့ နောက်ဆုတ်လိုက်ကြသလဲဆိုတာကို သိချင်နေကြတဲ့ အဖြေကို Ari ဟာ သီချင်းသစ်တစ်ပုဒ်ချပြပြီး ပရိသတ်တွေကို တုံ့ပြန်ခဲ့ပါတယ်။

အဲ့ဒီသီချင်းလေးကတော့ Thank You, Next ပဲဖြစ်ပါတယ်။ ထိုသီချင်းလေးထဲမှာ သူနဲ့တွဲခဲ့တဲ့ Ex ရည်စားဟောင်းတွေအပြင် လက်ရှိပြတ်သွားတဲ့ Fiance Pete ကိုပါ mention လုပ်ခဲ့ပါတယ်။ မြန်မာလို ဘာသာပြန်ရရင်တော့ ကျေးဇူးတင်ပါတယ် နောက်တစ်ယောက် ဆိုသလိုပေါ့။ သီချင်းလေးဟာ နားထဲဆွဲပြီး နားထောင်လို့ကောင်းသလို စာသားတွေဟာလည်း အနှစ်သာရပြည့်လှပါတယ်။

Source: BBC.com

အသဲကွဲတဲ့သူတွေအတွက် နားထောင်သင့်တဲ့ သီချင်းလေးတစ်ပုဒ်ပေါ့။ Ari ဟာ ဒီသီချင်းလေးထဲကနေပြီး သူဟာ ရည်စား တစ်ယောက်နဲ့ ပြတ်တိုင်း နာကျင်မှုကိုပိုပြီး ခံနိုင်ရည်ရှိလာကြောင်း ၊ သူသာလျှင် သူ့အတွက် အကောင်းမွန်ဆုံးလက်တွဲဖော်ဖြစ်ကြောင်း စသဖြင့် ပရိသတ်တွေ မီဒီဟာတွေ သိချင်နေတဲ့ အချက်ကိုရှင်းပြပေးသွားပါတယ်။ နားမဆင်ရသေးဖူးဆိုရင် သေချာပေါက်နားထောင်သင့်တဲ့ Motivational ဖြစ်တဲ့ သီချင်းလေးပါပဲ။