မြှားလေးတွေကို သဘောကျ နှစ်ခြိုက်ပြီး တက်တူးအနုပညာတစ်ခုအနေနဲ့ အရေပြားမှာ ရေးထိုးကြသူတွေ အမြောက်အမြားရှိပါတယ်။ မြှားပုံတက်တူးတွေဟာ တခြား တက်တူးတွေထက်တောင် ရွေးချယ်စရာတွေ များပြားနေပါသေးတယ်။ ဒီတော့ မြှားပုံတက်တူးမှာ ဘယ်လို ဒီဇိုင်းဆန်းဆန်းတွေ ရှိနေမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

လေးနဲ့ မြှားပုံ တက်တူး

Source: wristtattoopictures.com

လေးနဲ့ မြှားပုံ တက်တူးကလည်း အရမ်းကိုအနုပညာဆန်ပြီး စိတ်ခံစားမှုအသားပေးတဲ့ တက်တူးပုံစံပဲဖြစ်ပါတယ်။ တက်တူးအနုပညာအရလည်း အရမ်းကိုပြောင်မြောက်ပြီး လေးနက်တဲ့အဓိပ္ပါယ်လည်း ရှိတဲ့ တက်တူးပုံစံပါ။ လေးနဲ့ မြှားရဲ့ တင်းမာမှု၊ပဋိပက္ခကို ဖော်ပြထားပြီး ဘဝရဲ့ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ရမှုတို့ကို ဖော်ညွှန်းပါတယ်။

လေးမှ မြှားတံပစ်လွှတ်ပုံ တက်တူး

Source: avatars.mds.yandex.net

လေးကနေ မြှားတစ်စင်း ပစ်လွှတ်တော့မယ့် ပုံသဏ္ဍာန်တက်တူးကလည်း လူကြိုက်များပါတယ်။ အကူးအပြောင်းတစ်ခုခု ဒါမှမဟုတ် စတင်တော့မယ့် အရာတစ်ခုခုအပေါ် ရည်ညွှန်းတာပါ။ ဘဝရဲ့ ရှေ့ဆက်ရမယ့် အရွေ့တစ်ခုခုဆီကို ဒါမှမဟုတ် အကူးအပြောင်းတစ်ခုခုစတင်မှုကို ကိုယ်စားပြုပါတယ်။

ကျိုးနေတဲ့ မြားပုံတက်တူး

Source: i.pinimg.com

မြှားကျိုးတစ်ခုရဲ့ ပုံသဏ္ဍာန်တက်တူးကတော့ နည်းနည်းထူးခြားတယ်လို့ ပြောရမှာပါ။ ထူးထူးဆန်းဆန်း ဒီဇိုင်းလေးမို့ တက်တူး ဝါသနာရှင်တွေအနေနဲ့ ထိုးသင့်တယ်လို့ ပြောပါရစေ။ ဒီကျိုးနေတဲ့ မြှားလေးကတော့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပါတယ်။ မြှားဆိုတဲ့ လက်နက်ကို ဖယ်ရှားပြီးတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

မြားထုပ်ပုံ တက်တူး

Source: i.pinimg.com

တစ်ခုထက်ပိုတဲ့ မြှားတွေစုစည်းထားတဲ့ တက်တူးပုံစံပါ။ မြှားသုံးခုအစု ဒါမှမဟုတ် မြှားငါးခုအစု ဒီလို မြှားတွေစုထားတဲ့ ဒီဇိုင်းပုံတက်တူးမိုက်မိုက်လေးတွေ ဖြစ်ပါတယ်။ ဒီမြှားအစုအဝေးပုံတက်တူးကတော့ ခွန်အားကိုဖော်ညွှန်းပါတယ်။ နောက်တမျိုးအဖြစ်ကတော့ စည်းလုံးညီညွတ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။