အာဆင်နယ်အသင်းရဲ့ သက်တော်ရှည်နည်းပြကြီးအာစင်ဝင်းဂါးဟာ ရာသီကုန်မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ သူဟာ အာဆင်နယ်အသင်းမှာ (၂၂) နှစ်ကြာ နည်းပြခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

Source: premierleague.com

လှပတဲ့ ကစားဟန်၊ စီးပွားရေးဆန်တဲ့ ဘောလုံးသမားအပြောင်းအရွေ့တွေနဲ့ အာဆင်နယ်ကို ပြုမြင် အရောင်တင်ပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ အာစင်ဝင်းဂါးဆိုတာ လုံးဝခွဲထားလို့မရတဲ့ အခြေအနေပါ။ လူငယ်တွေကို မြေတောင်မြှောက်ပေးရာမှာ ဆရာကျလွန်းတဲ့ နည်းပြဂုရုကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ ဘောလုံးသမားအပြောင်းအရွေ့မှာလည်း လာဘ်မြင်တတ်တာဖြစ်ပါတယ်။

Source: premierleague.com

အာစင်ဝင်းဂါးဟာ ပြင်သစ် ကလပ် Nancy, AS Monaco နဲ့ Japan J – League Club Nagoya Grampus Eight တို့ကိုလည်းကိုင်တွယ်နည်းပြခဲ့ဖူးတာဖြစ်ပါတယ်။ သူအနေနဲ့ အာဆင်နယ်အသင်းမှာတော့ အောင်မြင်မှုများစွာ ရရှိနိုင်ခဲ့ပါတယ်။ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကတော့

ပရီးမီးယားလိဂ်ဖလား (၃) ကြိမ်
1997 – 1998 , 2001 – 2002, 2003 – 2004

Source: premierleague.com

FA ဖလား (၇) ကြိမ်
1997 – 1998, 2001 – 2002, 2002 -2003
2004 – 2005, 2013 – 2014, 2014 – 2015,
2016 – 2017

Source: premierleague.com

ကွန်မြူနတီဒိုင်း (၇) ကြိမ်

1998, 1999, 2002, 2004, 2014, 2015, 2017 တို့ဖြစ်ပါတယ်။ သူဟာ ရှုံးပွဲမရှိဘဲ ပရီးမီယားလိဂ်ရွေဖလားကြီးကိုလည်း ရရှိခဲ့ဖူးပါတယ်။

ယခုအချိန်မှာတော့ သူဟာ အာဆင်နယ်အသင်းကနေထွက်ခွာသွားမယ်လို့ ကြေငြာခဲ့တာဖြစ်ပါတယ်။ သူဟာ အာဆင်နယ်အသင်းကို အကောင်းဆုံးပျိုးထောင်းပေးခဲ့သူလည်းဖြစ်ပါတယ်။