[Zawgyi ]
Source: 90Min
Source: the irish sun
[Unicode]
အာဆင်နယ်နည်းပြဟောင်း ဖြစ်တဲ့ အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မီဒီယာ တစ်ခုနှင့်တွေ့ဆုံခဲ့ရာမှာ မန်ယူအသင်းကို နည်းပြရန်စိတ်ဝင်စားကြောင်း ပြောကြားခဲ့ပါတယ်။
ဖာဂူဆန်ပြီးရင် ပရီးမီးယားလိဂ်မှာ နှစ်အကြာဆုံး နည်းပြလုပ်ခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းကို ထိပ်သီးအသင်းကြီးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းနဲ့လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတာပါ။
Source: 90Min
နည်းပြ ဟောင်းဖာဂူဖန်နောက်ပိုင်း မန်ယူအသင်းဟာ နည်းပြအပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး အောင်မြင်မှုပြန်လည်ရရှိရန် ကြိုးပမ်းခဲ့ပေမဲ့ အခတ်အခဲများရင်ဆိုင်နေရဆဲပါ။
ဒိတ်ဒိတ်ကျဲ မော်ရင်ဟိုကိုခေါ်ယူခဲ့ပေမဲ့လည်း အရင်ကလောက် အလုပ်မဖြစ်လို့ လျှော်ကြေးပေးလမ်းခွဲခဲ့ရပါတယ်။ ဆိုးလ်ရှားကိုအမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမဲ့လည်း ရလဒ်များ ယိမ်းယိုင်ကာ ပွဲဆက်ခြေမှန်ရန်ုရုန်းကန်နေရသည်။
Source: the irish sun
မန်ယူသည်ယခုနှစ် ပရီးမီးယားလိဂ် ၆ ပွဲကစားထားရာ ၂ပွဲသာအနိုင်ရပြီး ကာရာဘောင်းဖလား တတိယအဆင့်၌လည်းအသင်း ငယ်ရော့ချ်ဒေးကို ပင်နယ်တီရောက်မှသာ အနိုင်ရခဲ့သည်။ ” မန်ယူ လိုအသင်းကြီးကိုကိုင်တွယ်ရဖို့က နည်းပြတိုင်းအတွက် အိပ်ကမ်တခုပါပဲ။ အခုမန်ယူက လူတွေထင်နေသလို အရင်ကမန်ယူနဲ့ မတူတော့ပါဘူး။ အပြောင်းအလဲ တွေလုပ်ဖို့လိုအပ်နေပါတယ်။ အဓိကကတော့ ပထမကစားသမား ၄ ဦးလောက် လိုနေတာပါ။ အခုမန်ယူက ပြိုင်ဘက်အသင်းကို ဖိအားပေးကစားနိုင်တဲ့ အခြေအနေမှာရှိမနေဘူး” ဆိုပြီး အာစင်ဝင်းဂါး ကပြောကြားခဲ့ပါတယ်။