အဆိုတော်တွေဟာ သူတို့ရဲ့ ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရဖို့အတွက် ဘာကိုမှဂရုမထားပဲ အစွမ်းကုန် တင်ဆက်ပေးနေလေ့ရှိပါတယ်။ အဲ့ဒီထဲမှာမှ ကိုယ့်မှာ ရင်သွေးလေးလွယ်ထားရတုန်းကို ဖျော်ဖြေတဲ့ အနုပညာရှင်တွေကတော့ တကယ်ကို လေးစားဖို့ ကောင်းတယ်လို့ သတ်မှတ်ရမှာပါ။

အခုလိုမျိုး ကိုယ်ဝန်တဖက်နဲ့ ဖျော်ဖြေခဲ့တဲ့ အဆိုတော်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Cardi B

Source : MSN

ဖက်ရှင်အပိုင်းမှာရော သီချင်းတွေဖက်မှာရော အောင်မြင်နေတဲ့ Cardi B က ပြီးခဲ့တဲ့ ဧပြီလတုန်းက SNL ရဲ့ Musical Guest တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်နေတုန်း ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ အခု ဖျော်ဖြေမှုမှာ အဖြူရောင် ကိုယ်ကျပ် Dress ကို ဝတ်ဆင်ခဲ့ပြီးတော့ သူမရဲ့ Album အသစ်ဖြစ်တဲ့ Invasion of Privacy မှာ ပါဝင်ခဲ့တဲ့ “Be Careful” သီချင်းကို ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

(2) Beyoncé

Source : MSN

Beyoncé ကတော့ လုံးဝကို အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ပီပီ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဂရမ်မီဆုပေးပွဲမှာ အမြွှာနှစ်ယောက်ဖြစ်တဲ့ Rumi နဲ့ Sir တို့ကို ကိုယ်ဝန်လွယ်ထားတုန်းမှာ သူမရဲ့ Lemonade Album ထဲက သီချင်းတွေကို ဖျော်ဖြေပေးခဲ့တာဖြစ်ပါတယ်။

(3) Kelly Clarkson

Source : MSN

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတုန်းက Kelly Clarkson က American Idol စင်မြင့်ပေါ်မှာ သူမရဲ့ အောင်မြင်ခဲ့တဲ့ “Piece by Piece” သီချင်းကို သူမရဲ့ ပထမဆုံး ရင်သွေးလေးကို လွယ်ထားတုန်း ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ အဆိုပါ “Piece by Piece” သီချင်းဟာ သူမရဲ့ ခင်ပွန်းနဲ့ ပျောက်ဆုံးနေခဲ့တဲ့ ဖခင်ကို ရည်ရွယ်ပြီး ရေးစပ်ခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။

(4) Alicia Keys

Source : MSN

သူမရဲ့ သီချင်းတွေက စိတ်ခံစားချက်ရှိတဲ့ ဘယ်သူ့ကိုမဆို လွှမ်းမိုးနိုင်တယ်လို့ပြောနိုင်တဲ့ Alicia Keys ဟာလည်း ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ MTV ကနေ ပြုလုပ်ခဲ့တဲ့ European Music Awards မှာ “We Are Here” ဆိုတဲ့ သီချင်းကို ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

(5) Jennifer Lopez

Source : MSN

J.Lo လို့ ချစ်စနိုးခေါ်ကြတဲ့ Jennifer Lopez ကလည်း ကိုယ်ဝန်ဆောင်နေတုန်း ဖျော်ဖြေမှုတွေကို ပြုလုပ်ခဲ့တဲ့ အာဂအမျိုးသမီးတစ်ဦးဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းက ၆ ပတ်ကြာပြုလုပ်ခဲ့တဲ့ Music Tour မှာ သူမရဲ့ ခင်ပွန်းဖြစ်တဲ့ Marc Anthony ရဲ့ ရရှိခဲ့တဲ့ ရင်သွေးလေးကို လွယ်ထားတုန်း ဖျော်ဖြေမှုတွေကိုပြုလုပ်ခဲ့တာပါ။ အဆိုပါ Music Tour မှာတုန်းက J.Lo ကို ကိုယ်ဝန်နဲ့ ဖျော်ဖြေတယ်ဆိုပြီး ကောလဟာလတွေထွက်ရှိနေခဲ့ပေမယ့် နောက်ဆုံး ဖျော်ဖြေပွဲညကြမှ အခုသတင်းကို အတည်ပြုခဲ့တာဖြစ်ပါတယ်။