ကမ္ဘာ့ဖလားဆိုတာ တကယ်ကို ဆွဲဆောင်မှုရှိလှပြီး ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ပြိုင်ပွဲကြီးပါ။ ကမ္ဘာ့ဖလားမှာတော့ ခြေစွမ်းခြေစကောင်းတဲ့အသင်းတွေရှိတဲ့ ကမ္ဘာ့အနောက်ဘက်အခြမ်းကပဲ အောင်မြင်မှုတွေရလေ့ရှိပါတယ်။ အာရှဒေသအတွင်းနိုင်ငံတွေကတော့ ဘောလုံးဘုရင်ဖြစ်ဖို့ကို ရုန်းကန်နေရဆဲပါပဲ။

ကမ္ဘာ့ဖလားကို အာရှဒေသအတွင်းက မည်သည့်နိုင်ငံမှ မရခဲ့ဖူးပါဘူး။ ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့တောင် ခြေစစ်ပွဲတွေ အလီလီကန်ရပါတယ်။ ကမာ့္ဘဖလားကို အများဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားတဲ့ အာရှနိုင်ငံများကိုလည်း ဖော်ပြလိုက်ရပါတယ်။

Source: www.fifaworldcup2014-18.com

တောင်ကိုရီးယား

Source: www.theseoulstop.com

ကိုရီးယားနိုင်ငံကတော့ (၁၀) ကြိမ်ထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။ အမြင့်ဆုံးအောင်မြင်မှုကတော့ စတုတ္ထနေရာပါ။ 1954, 1986, 1990, 1994, 1998, 2002, 2006, 2010, 2014, 2018 တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဂျပန်

Source: www.tipsbetting.co.uk

ဂျပန်ကတော့ ကမ္ဘာ့ဖလားကို (၆) ကြိမ်ထိဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ခုနှစ်တွေကတော့ 1998, 2002, 2006, 2010, 2014, 2018 တို့တွင်ဖြစ်ပါတယ်။

ၾသစေတးလ်

Source: www.news.paddypower.com

သြစတေးလျအနေနဲ့တော့ ကမ္ဘာ့ဖလားကို (၅) ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ခုနှစ်တွေကတော့ 1974, 2006, 2010, 2014, 2018 တို့တွင်ဖြစ်ပါတယ်။

အီရန်

Source: www.financialtribune.com

အီရန်နိုင်ငံကတော့ ကမ္ဘာ့ဖလားကို (၅) ကြိမ်တိုင်တိုင်ဆင်နွှဲခဲ့ဖူးပါတယ်။ ယှဉ်ပြိုင်နွှဲပျော်ခဲ့တဲ့သက္ကရာဇ်တွေကတော့ 1978,1998, 2006, 2014, 2018 တို့တွင်ဖြစ်ပါတယ်။

ဆော်ဒီအာရေဗီးယား

Source: www.report.az.com

ဆော်ဒီအာရေဗီးယားလည်း ကမ္ဘာ့ဖလားအိပ်မက်ကို ငါးကြိမ်တိတိ မက်ခွင့်ရခဲ့ဖူးပါတယ်။ ခုနှစ်တွေကတော့ 1994,1998, 2002, 2006, 2018 တို့တွင်ဖြစ်ပါတယ်။