အမျိုးသားတွေရဲ့ လက်မောင်းပေါ်ကတက်တူးဒီဇိုင်းတွေဟာ အကန့်အသတ်မရှိ စတိုင်ကျခန့်ညားနေပါတယ်။ ဘာကြောင့် အမျိုးသားအများစုက လက်မောင်းပေါ်မှာ တက်တူးထိုးချင်ကြတာလဲ။ မေးခွန်းထုတ်စရာကိစ္စတစ်ခုပေါ့နော်။
တကယ်တမ်းမှာ လက်မောင်းတက်တူးတွေအတွက် စောဒကတက်လောက်အောင် အံ့သြနေဖို့မလိုပါဘူး။ လက်မောင်းကြွက်သားတွေ ကျစ်လစ်သန်မာတဲ့ယောက်ျားတွေက ပိုပြီးလက်မောင်းတက်တူးကိုထိုးကြပါတယ်။ ဒါကလည်း စိတ်ဝင်စားဖွယ်ဆွဲဆောင်မှုတစ်ခုပဲလေ။
Diamond Jack
Source: picdom.ru
အနောက်အင်္ဂလန်မှာ ကာလရှည်ကြာစွာလူကြိုက်များခေတ်စားခဲ့တဲ့ လက်မောင်းတက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ သင့်အကြိုက်ပေါ်မူတည်ပြီး Diamond Jack ဒီဇိုင်းမျိုးစုံကို ပုံဖော်လို့ရပါတယ်။
ရိုးရှင်းတဲ့ဒီဇိုင်း
Source: kachinaschool.com
ပြောင်းပြန်သဘောတရားတစ်ခုအနေနဲ့ အရိုးဆုံးဒီဇိုင်းက အဆန်းဆုံးဖြစ်ပါတယ်။ ကိုယ့်စိတ်ခံစားချက်ကို အရှင်းလင်းဆုံးဖော်ပြနိုင်တဲ့ဒီဇိုင်းတွေကို ရိုးရိုးလေးပုံဖော်ခြင်းဟာလည်း လူကြိုက်များနှစ်ခြိုက်ကြတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။
ယဉ်ကျေးမှုရိုးရာဓလေ့များ
Source: Pinterest
လူအများကြာရှည်စွာနှစ်သက်သဘောကျခဲ့ကြတဲ့ ဒီဇိုင်းတစ်မျိုးကတော့ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်တွေကို ဖော်ညွှန်းထားတဲ့ တက်တူးဒီဇိုင်းတွေပဲဖြစ်ပါတယ်။