ပူပြင်းတဲ့နွေရာသီမှာ ခရမ်းလွန်ရောင်ခြည်ရဲ့ ဆိုးရွားတဲ့အန္တရာယ်က ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ချစ်သူလေးနဲ့လျှောက်လည်ကြတဲ့အခါမှာ ချွေးတွေနဲ့ပူလောင်နေရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အေးမြတဲ့နေရာလေးတွေ ရှာဖွေတွေ့ဆုံသင့်တာပေါ့။
ရုပ်ရှင်ရုံ
Source: Pixabay
နွေရာသီမှာ ချစ်သူတွေခိုလှုံဖို့ အကောင်းဆုံးနေရာကတော့ ရုပ်ရှင်ရုံပဲဖြစ်ပါတယ်။ ရုံတင်သမျှရုပ်ရှင်ကားတိုင်းကိုလည်း မလွတ်တန်းကြည့်ရှုခံစားလို့ရပါတယ်။ ပူပြင်းတဲ့နေရောင်ကိုလည်း ရှောင်ပြီးသားဖြစ်တာပေါ့။
ကော်ဖီဆိုင်
Source: Imhoff Farm
Aircon နဲ့ တိတ်ဆိတ်တဲ့ကော်ဖီဆိုင်လေးတွေဟာ နွေရာသီမှာ ချစ်သူတို့အတွက်တွေ့ဆုံကြည်နူးဖို့ အကောင်းဆုံးနေရာတွေပဲဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတွေကို ကော်ဖီနဲ့ဖော်ကျူးနိုင်သလို ရိုမန်တစ်ဆန်တဲ့အချစ်ကိုလည်း ကော်ဖီနဲ့အတူခံစားနိုင်မှာဖြစ်ပါတယ်။
အေးမြတဲ့ပန်းခြံ
Source: datingforgirls.net
အရိပ်အာဝါသကောင်းပြီး အေးမြတဲ့ပန်းခြံတွေဟာလည်း ချစ်သူတွေအတွက် နွေရာသီခိုလှုံစရာနေရာတစ်ခုဖြစ်ပါတယ်။ ပန်းအလှတွေကိုခံစားပြီး ကျေးငှက်တွေရဲ့ သာယာနာပျော်ဖွယ်တေးသံကိုနားဆင်ပြီး ချစ်သူနဲ့အတူတကွကြည်နူးရတဲ့ခံစားမှုက နွေရာသီပန်းခြံတွေမှာပဲရှိနိုင်ပါတယ်။
ဈေးဝယ်စင်တာတွေ
Source: kalaharimall.co.za
နွေရာသီမှာ ချစ်သူနဲ့အချိန်ဖြုန်းဖို့အကောင်းဆုံးနေရာတစ်ခုကတော့ ဈေးဝယ်စင်တာတွေပဲဖြစ်ပါတယ်။ အေးမြတဲ့ Aircon အရသာကိုခံစားရင်း ချစ်သူနောက်ကတကောက်ကောက်လိုက်ပြီး ချစ်သူကိုအလိုလိုက်ရခြင်းဟာလည်း ပျော်စရာတစ်ခုပါပဲ။