တက်တူးတွေကိုလက်မှာထိုးတာဟာ ကြွားသလိုဖြစ်ပေမယ့် အတော်လေးမိုက်ပါတယ်။ ပိုမိုက်တာကတော့ ကိုယ်နဲ့လိုက်ဖက်မယ့် တက်တူးရွေးချယ်တာမှန်ကန်ရင်ပေါ့။ တက်တူးကို တစ်ကိုယ်လုံးကြိုက်တဲ့နေရာမှာ ထိုးလို့ရတယ်ဆိုပေမဲ့ ယောက်ျားလေးပဲ ဘာလို့လူမမြင်တဲ့နေရာတွေမှာထိုးမှာလဲ။ ကျွန်တော်တို့ယောက်ျားလေးတွေအတွက် တက်တူးတင်လို့အကောင်းဆုံးနေရာဘာလို့ လက်ဖြစ်ရလဲဆိုတာကို အကျိုးအကြောင်းဆီလျှော်တဲ့ ဥပမာနည်းနည်းကိုပေးချင်ပါတယ်။

Source: allteenstalk.com

လက်ပေါ်မှာရှိတဲ့ တက်တူးတွေဟာ အခြားသူကိုယ့်ကို Impress ဖြစ်စေမှာပဲဖြစ်ပါတယ်။ တစ်ချို့တွေကတော့ထင်ကြလိမ့်မယ် တက်တူးရှိတာကကောင်းတဲ့ အထင်ကြီးစရာမျိုးမဟုတ်ပါဘူးပေါ့။ သို့ပေမယ့် ဒီလိုအတွေးအခေါ်တွေက အခြေအမြစ်မရှိပါဘူး။ ကောင်းတယ် မိုက်တယ်လို့ ထင်တဲ့သူတွေရှိသလို မကောင်းဘူးလို့ယူဆထားတဲ့သူတွေကိုလည်းတွေရပါတယ်။

Source: allteenstalk.com

လူအမျိုးမျိုး အယူအဆအမျိုးမျိုးရှိလို့ သင်ဟာအဲ့လိုတက်တူးဟာထိုးတာမကောင်းဘူးဆိုတဲ့ အယူအဆနဲ့ကြီးပြင်းလာတဲ့သူဆိုရင်တော့ မထိုးတာကောင်းပါတယ်။ အယူအဆမရှိဘူးဆိုရင်တော့ထိုးပြီးလည်း ဘာသက်ရောက်မှုမှမရှိမှာမို့ လွတ်လပ်စွာထိုးနိုင်ပါတယ်။ တစ်ခုအသိပေးချင်တာက တက်တူး Artwork တွေမှာလည်း ဒီဇိုင်းအမျိုးမျိုးရှိတော့ မသင့်တော်တာတွေကို မထိုးသင့်ဖို့အရေးကြီးပါတယ်။ Anti တက်တူး သမားတွေပိုပြောစရာဖြစ်လာတာမျိုး ရှိလာနိုင်ပါတယ်။ ကိုယ့်လက်ပေါ်မှာလည်း တသက်လုံးတင်ထားရမယ့်အရာဆိုတော့ ကောင်းတဲ့ Memory ဖြစ်ဖို့လိုပါတယ်။ ပြောချင်တာကတော့ အများအမြင်လည်းမရိုင်း ကိုယ်နဲ့လည်းလိုက်ဖက်မယ် ကိုယ့်စိတ်ကြိုက်လည်းဖြစ်စေမယ့် ဒီဇိုင်းမျိုးကို ထိုးသင့်ပါတယ်။

Source: allteenstalk.com

တကယ်တော့တက်တူးဟာ အနုပညာဆန်ပါတယ်။ Artistic Creativity လို့လည်းပြောလို့ရပါတယ်။ ထိုးထားရင် သင့်ခန္ဓာကိုယ်မှာ စွဲမြဲနေမယ့် မှင်နဲ့ဆွဲထားတဲ့ပန်းချီကား တစ်ချပ်လို့ပါပဲ။ မကောင်းတဲ့သူတွေပဲတက်တူးထိုးတယ်ဆိုတာကတော့ ပတ်ဝန်းကျင်ရဲ့ Brainwash လုပ်ခြင်းကိုခံရတာမျိုးပါ။ အဲ့လိုမျိုးမဖြစ်ရလေအောင် ကိုယ်ထိုးမယ်လို့စဉ်းစားထားတယ်ဆိုရင်တော့ တက်တူးအကြောင်းနားလည်အောင်အရင်လုပ်သင့်တယ်လို့ထင်ပါတယ်။

Source: allteenstalk.com

ဆိုးတဲ့သူတွေပဲ တက်တူးထိုးတာလို့ပြောလို့မရပါဘူး။ အနုပညာဆန်တဲ့သူတွေ Body Art ကိုခံစားတတ်တဲ့သူတွေသာထိုးကြတာမျိုးပါ။ ထိုအထဲမှာမှ လူကောင်းလည်းပါနိုင်သလို လူဆိုးလည်းပါနိုင်တာပေါ့။ ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်နဲ့ ခွဲခြားဆက်ဆံခြင်း မလုပ်ဘဲ ကိုယ်က တက်တူးကို မကြိုက်သော်လည်း Art အနေနဲ့ လက်ခံပေးဖို့တော့လိုအပ်ပါတယ်။ မြင်ရဆိုးတာမျိုးပေါက်ကရဖြစ်စေမယ့် ပုံမျိုးကို လက်မှာမထိုးရင်တော့ သင်ရဲ့ Hand Tattoo တွေကို တခြားသူတွေအားကျစေမှာ အသေအချာပါ။