ဘောလုံးလောကဇာတ်ခုံမှာလည်း လူဆိုးလေးတွေရှိပါတယ်။ ခြေစွမ်းခြေစကောင်းမွန်ပေမယ့်လည်း အမြဲလိုလိုပြဿနာကို မီးထွန်းရှာနေတတ်တဲ့ ဂြိုလ်ကောင်လေးတွေရှိပါတယ်။ သူတို့ဟာ ဘောလုံးသမားအချင်းချင်းနဲ့သာမက မီဒီယာသမားတွေ၊ ပရိသတ်တွေနဲ့လည်းရန်ဖြစ်တတ်ပါတယ်။ ဘောလုံးလောကမှ လူဆိုးလေးနှစ်ယောက်ကတော့
(၁) မာရီယို ဘာလော့တယ်လီ

Source: independent.co.uk
ဘာလော့တယ်လီဟာ အင်္ဂလန်မြေမှာ တော်တော်နာမည်ကြီးခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ခြေစွမ်းခြေစကောင်းမွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပေမယ့်လည်း အမြဲလိုလိုပြဿနာရှာနေတတ်ပါတယ်။ (၂၀၁၀) ခုနှစ်တွင် အင်တာမီလန်ဆော့ကစားစဉ်က နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ညိုနဲ့ပြဿနာတက်ခဲ့ပါတယ်။ တီဗီအစီစဉ်တစ်ခုကို ပြိုင်ဘက်ဖြစ်သူ အေစီမီလန်ရဲ့ဝတ်စုံကိုဝတ်ဆင်ပြီးတတ်ရောက်ခဲ့ပါတယ်။
ထို့နောက်မှာတော့ မန်စီးတီးအသင်းကို ပြောင်းရွေ့ခဲ့ပြီး မန်စီတီးနည်းပြ မန်စီနီနဲ့လည်း အချင်းများမှုတွေ ဖြစ်ခဲ့ပါတယ်။ သူဟာ အမျိုးမျိုးသောပြဿနာရှာမှုတွေနဲ့ ရဲစခန်းသို့ခဏခဏရောက်ခဲ့ဖူးပါတယ်။ ဂိုးသွင်းပြီးအောင်ပွဲခံရာတွင်လည်း အလွန်အကျုးအောင်ပွဲခံလေ့ရှိပါတယ်။ ယခုလက်ရှိမှာတော့ ဘာလော့တယ်လီဟာ ဘောလုံးသမားဘ၀နေ၀င်ချိန်သို့ နီးစပ်နေပြီလည်းဖြစ်ပါတယ်။
(၂) အဲရစ်ကန်တိုနာ

Source: squawka.com
အဲရစ်ကန်တိုနာဟာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သို့သော်လည်း နည်းပြဖာဂူဆန်အတွက် ပြဿနာအိုးလေးဖြစ်ပါတယ်။ (၁၉၉၅) ခုနှစ်က ခရစ်စတယ်ပဲလေ့စ်ပရိသတ်တစ်ဦးနဲ့ ခရစ်စတယ်ပဲလေ့စ်နောက်ခံလူတို့ကို တိုက်ခိုက်ခဲ့ပါတယ်။
သူကိုရုံးတင်စစ်ဆေးရာမှာ အပြစ်ရှိကြောင်းတွေ့ရှိရ၍ ရုံးတင်စစ်ဆေးခဲ့ပြီး ထောင်ထဲမှာ နှစ်ပတ်လောက်နေခဲ့ရပါတယ်။ ထို့အပြင် ကွင်းထဲတွင်လည်း ပြိုင်ဘက်ကစားသမားများကို မာမာထန်ထန်ကစားလေ့ရှိသဖြင့် အ၀ါကတ်အများအပြားလည်းရရှိခဲ့ပါတယ်။