ဘောလုံးလောကဇာတ်ခုံမှာလည်း လူဆိုးလေးတွေရှိပါတယ်။ ခြေစွမ်းခြေစကောင်းမွန်ပေမဲ့လည်း အမြဲလိုလိုပြဿနာကို မီးထွန်းရှာနေတတ်တဲ့ ဂြိုလ်ကောင်လေးတွေရှိပါတယ်။ သူတို့ဟာ ဘောလုံးသမားအချင်းချင်းနဲ့သာမက မီဒီယာသမားတွေ၊ ပရိသတ်တွေနဲ့လည်းရန်ဖြစ်တတ်ပါတယ်။ ဘောလုံးလောကမှ လူဆိုးလေးနှစ်ယောက်ကတော့

 လူးဝစ်ဆွာရာဇ်

Source: goal.com

ဆွာရက်ဇ်ဟာ ဥရုဂွေးလက်ရွေးစင်အသင်းနဲ့ ဘာစီလိုနာအသင်းတို့တွင် ကစားနေတာလည်းဖြစ်ပါတယ်။ သို့သော် လီဗားပူးတွင်ကစားစဉ်က မန်ယူကစားသမာ အီဗာရာကို လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့ပါတယ်။ ထို့ကြောင့် ရှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ယူရို (၄၀၀၀၀) ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ မကောင်းတဲ့မိန်းမပျက်များနဲ့လည်း ဇာတ်လမ်းတွေထွက်ခဲ့ဖူးပါတယ်။ (၂၀၁၀) ကမ္ဘာဖလားကလည်း ဂါနာအသင်းဘက်ကကန်သွင်းတဲ့ဂိုးကို လက်နဲ့သိသိသာသာဖမ်းခဲ့ပါတယ်။ သူရဲ့အဓိကပြဿနာဆိုးကတော့ ကိုက်တတ်တာပါပဲ။

တစ်ဖတ်အသင်းကစားသမားတွေကို အမြဲလိုလိုကိုက်လေ့ရှိပါတယ်။ ပထမဆုံးအနေနဲ့တော့ PSV နောက်ခံလူ Otman Bakkal ကိုကိုက်ခဲ့တာပါ။ လီဗားပူးအသင်းသို့ ရောက်ရှိလာပြန်ချိန်မှာလည်း ချယ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အီတလီကစားသမား Chiellini ကို ကိုက်ခဲ့ပြန်ပါတယ်။ ထို့ကြောင့် ဆွာရက်ဇ်ဟာ ပြဿနာခဏခဏရှာတတ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ အေးအေးဆေးဆေးကစားနေပါပြီ။

 မာရာဒိုနာ

Source: thedailystar.net

မာရာဒိုနာကိုတော့ ကမ္ဘာအကောင်းဆုံး ဘောလုံးသမားအနေနဲ့ ရင်းနှီးခဲ့မှာပါ။ မာရာဒိုနာဟာလည်း ရိုးသားလှတဲ့ လူအေးလေးတော့မဟုတ်ပါဘူး။ သူဟာစိတ်တိုလာရင် ပြိုင်ဘက်ကစားသမားများကို တိုက်ခိုက်တတ်ပါတယ်။ (၁၉၈၆) ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲတွင်မာရာဒိုနာသွင်းယူခဲ့တဲ့ ဂိုးကတော့ တော်တော်ဆိုးရွားပါတယ်။ လက်နဲ့သွင်းယူခဲ့ခြင်းပါ။ မာရာဒိုနာရဲ့လက်ကို ဘုရားသခင်ရဲ့လက်လို့တောင် ကင်ပွန်းတပ်ကြပါသေးတယ်။

မာရာဒိုနာဟာ ၁၉၉၄ ကမ္ဘာဖလားအတွက် ဆေးစစ်ရာတွင် မအောင်မြင်ခဲ့ပါဘူး။ တားမြစ်ဆေးသုံးစွဲခဲ့တယ်လို့အဖြေထွက်ပေါ်ခဲ့လို့ ၁၅ လကြာ ပွဲပယ်ပြစ်ဒဏ်ပေးခဲ့ပါတယ်။ ဘာစီလိုနာနဲ့ နာပိုလီအသင်းတို့တွင် ကစားစဉ်ကလည်း ကိုကင်းသုံးစွဲခဲ့ပါတယ်။