ယခုအချိန်မှာ ရီးရဲလ်အသင်းမှ ရော်နယ်ဒိုလည်း မရှိတော့ပါဘူး။ ဒဏ်ရာပြဿနာတွေကနေပြန်လည်နိုးထလာပြီး အသင်းရဲ့တိုက်စစ်မှာ အကောင်းဆုံး ကစားနေတာကတော့ ဘေးပဲဖြစ်ပါတယ်။ ဝေးနိုင်ငံသား ဘေး၊ စပါးရဲ့ထုတ်ကုန်ကောင်းတစ်ခုဖြစ်တဲ့ ဘေးရဲ့ စိတ်ဝင်စားဖွယ်အချက်အလက်လေးတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

Source: wallpapercave.com

(၁) သူကိုတော့ 16th July 1989  က ဝေးနိုင်ငံ ကားဒစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။

(၂) သူရဲ့ Hero ကစားသမားကတော့ ဂစ်ဘဲဖြစ်ပါတယ်။

(၃) သူရဲ့ပထမဆုံးကစားသမားဘ၀ကိုတော့ (၁၆) နှစ်မှာတင်စတင်ခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းအတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။

Source: wallpapercave.com

(၄) ပထမဆုံးသွင်းဂိုးကိုတော့ ဒါဘီအသင်းနဲ့ရင်ဆိုင်ရတဲ့ 6th August 2006 ရက်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

(၅)  ပြေးနှုန်းရှိတယ်။ ခြေစွမ်းကောင်းတဲ့ သူရဲ့ အဓိက အားသာချက်ကတော့ ဘယ်ခြေထောက်ရဲ့ကန်အားပဲဖြစ်ပါတယ်။

(၆) သူဟာ ဆောက်သမ်တန်အသင်းအတွင် (၄၅) ပွဲကစားပေးခဲ့ကာ ငါးဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ 25th May 2007 မှာတော့ တော်တင်ဟမ်ကိုပြောင်းရွေ့ခဲ့ပါတယ်။

Source: wallpapercave.com

(၇) 20th October 2010 မှာ တော့ အေစီမီလန်ရဲ့ ဆန်စီရို ကွင်းကြီးထဲမှာ စပါးအသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

(၈)  PFA Player of the Year ရဲ့ အကောင်းဆုံးဆုတွေကိုလည်း ရရှိနိုင်ခဲ့ပါတယ်။

(၉) သူဟာ မက်ဆီကိုလည်း အားကျခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကြယ်ပွင့်တွေပျော်မြူးရာ လာလီဂါကလပ် ရီးရဲလ်မက်ထရစ်အသင်းကို ပြောင်းရွေ့သွားတာဖြစ်ပါတယ်။