ဘာလော့တယ်လီဆိုတာနဲ့ ဘောလုံးပရိတ်သတ်တွေ တော်တော်များများသိကြပါတယ်။ ခြေစွမ်းကောင်းမွန်ပေမဲ့ ပြသာနာ ရှာလွန်းတာကြောင့် ထင်သလောက် နာမည်မ ကြီးခဲ့တာပါ။

ဘာလော့တယ်လီဟာ အေစီမီလန်၊ မန်ချက်စတာ စီးတီး နဲ့ လီဗာပူးတို့လို အသင်းကြီးတွေမှာ ကစားဖူးတဲ့ သူပါ။

Source: Agenti Anonimi

ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြင်သစ်ကလပ် Marseille မှာ ကစားခဲ့ပြီးတော့ အခု စီးရီအေကလပ် Brescia (ဘရက်စီယာ) အသင်းဆီ အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်သွားပါပြီ။ Brescia (ဘရက်စီယာ) မြို့ဟာ ဘာလော့တယ်လီ မွေးဖွားခဲ့တဲ့ မြို့လေးလည်းဖြစ်ပါတယ်။

အဆိုပါကစားသမားဟာ ၂၀၁၆ ခုနှစ် လီဗာပူးကနေ အေစီမီလန် အသင်းကို အငှားနဲ့ ကစားခဲ့ပြီးနောက်ပိုင်း အခု စီးရီးအေ ကို ပထမဆုံး ပြန်လည်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။

Source: Evening Standard

အဆိုပါ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ၂၀၁၀ ခုနှစ် မှာ အင်တာမီလန် အသင်းနဲ့အတူ စီးရီအေ အမှတ်ပေးဖလား ရရှိ ခဲ့ဖူးပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မန်စီးတီးအသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၈၀ ကစားပေးခဲ့ပြီး ဂိုးပေါင်း ၃၀ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသင်းနဲ့အတူ ပရီးမီးယားလိပ် အမှတ်ပေးဖလားနဲ့အက်အေ ဖလား ရရှိခဲ့တဲ့အထိ အောင်မြင် မှုတွေ ရရှိခဲ့ပါတယ်။

ဒါပေမယ့် အသင်းနည်းပြတွေနဲ့ ပြသာနာဖြစ်ပြီး၂၀၁၂ ခုနှစ် နောက်ပိုင်း အေစီမီလန် အသင်းကို ပြန်လည်ပြောင်းရွေ့ကစားခဲ့ရပါတယ်။

Source: Sky Sports

အေစီမီလန်အသင်းမှာ နှစ်ရာသီအတွင်း ပွဲပေါင်း ၅၄ ပွဲကစားကာ ဂိုးပေါင်း ၃၀ သွင်းယူနိုင်တဲ့အထိ ခြေးစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် တိုက်စစ်ပိုင်း အားနည်နေတဲ့ လီဗာပူးလ်အသင်းက ဘာလော့တယ်လီကို ခေါ်ယူပြီး တိုက်စစ်အားဖြည့်ခဲ့ပါတယ်။

ဒါပေမယ့် ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပဲ လီဗာပူးလ် အသင်းမှာ တနှစ်တာ ကစားခဲ့ရပြီး နောက်ပိုင်း ပြင်သစ်ကလပ်တွေဆီ ပြောင်းရွေ့သွားခဲ့ရပါတယ်။

ဘာလော့တယ်လီဟာ Brescia အသင်းနဲ့ ၃ နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုခဲ့တယ်လို့လည်းသိရပါတယ်။

Source: The Indian Express

ပြီးခဲ့တဲ့ မေလက Marseille အသင်းနဲ့ Montpellier တို့ယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ တိုက်ရိုက်အနီကဒ် နဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် ၄ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ဒါကြောင့် ဘာလော့တယ်လီဟာ အသင်းသစ်အတွက် ကစားပေးဖို့ စောင့်ရအုံးမှာပါ။