Banksy ရဲ့လမ်းစဉ်အတိုင်း အနုပညာကိုပုံဖော်ခဲ့တဲ့ ဂရပ်ဖစ်တီပညာရှင်တစ်ဦးပေါ်ပေါက်ခဲ့ပါတယ်။ Zehra Dogan လို့အမည်ရတဲ့ သူမဟာခရစ်ယာန်ဘာသာရေးပုံတွေ ရေးဆွဲပြီးနာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။

သက်ဝင်လှုပ်ရှားမှု

Source: paulobhat – DeviantArt

တူရကီနိုင်ငံရဲ့ အနုပညာရှင်၊ ဂျာနယ်လစ်နဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် သက်ဝင်လှုပ်ရှားခဲ့တဲ့သူမဟာ တူရကီအစိုးရကို ဆန့်ကျင်တဲ့ပုံတွေရေးဆွဲပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပါတယ်။ အဲ့အတွက်ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်(၃)နှစ်ကြာခဲ့ပါတယ်။ ထောင်ထဲမှာ Banksy ရဲ့အဖြူအမည်းကာလာနဲ့ ဆင်ပုံတွေကိုသူမက ရေးဆွဲခဲ့ပါတယ်။

ထောင်ထဲကလှုပ်ရှားမှု

Source: civitatis.com

Doganရဲ့ ထောင်ပထမနှစ်မှာ သူမဟာ Banksy ရဲ့ နံရံဂရပ်ဖစ်တီပုံတွေကို ရေးဆွဲပြီးခဲ့ပါတယ်။ ညဘက်တွေမှာ နံရံတွေပေါ်မှာ ကြိုးစားရေးဆွဲခဲ့တာဖြစ်ပြီး ရက်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။

လူထုအပေါ်သက်ရောက်မှု

Source: now-here-this.timeout.com

ဂရပ်ဖစ်တီပုံတွေဟာ ခေတ်ရဲ့စနစ်တွေ၊ အပြစ်တွေကို ထောက်ပြပြောဆိုနိုင်ပါတယ်။ ရေးဆွဲသူရဲ့ ခံစားချက်တွေကိုလည်း ပုံဖော်နိုင်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ ဂရပ်ဖစ်တီပုံတွေကို ကြည့်ရှု့ခံစားဖို့ အချိန်ကုန်၊ ငွေကုန်စရာမလိုပါဘူး။ ဒါကလူထုအတွက် အနုပညာအားသာချက်တစ်ခုပဲဖြစ်ပါတယ်။