ဘာစီလိုနာအသင်းဆိုတာ ကတ်တလန်အခြေစိုက်အသင်းတစ်သင်းပါ။ ဘောလုံးလောကမှာ အောင်မြင်မှုအရှိဆုံးအသင်းတစ်သင့်လို့လည်းပြောလို့ရပါတယ်။ လက်ရှိဘောလုံးရပ်ဝန်းကို ပြိုင်ဘက်ဖြစ်တဲ့ ရီးရဲမတ်ထရစ်အသင်းနဲ့အတူ ရပ်တည်နေတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ငွေကြေးအင်အားအရတောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။
သို့သော်လည်း ငွေကြေးမြောက်များစွာသုံးပြီးတော့တော လူဝယ်ယူလေ့မရှိပါဘူး။ လူငယ်ခြံထွက်ကစားသမားတွေကိုသာ ပိုမိုအသားပေးတာဖြစ်ပါတယ်။ ဘာစီလိုနာမှ ထိပ်တန်းငွေကြေးနဲ့ ခေါ်ယူခဲ့တဲ့ကစားသမားနှစ်ယောက်ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
(၁) ကော်တင်ဟို
Source: tsmsportz.com
ကော်တင်ဟိုကိုတော့ လွန်ခဲ့တဲ့ လပိုင်းကတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပြောင်းရွေ့ကြေး ပေါင် (၁၀၅) သန်းနဲ့ပါ။ မြင့်မားလှတဲ့ပြောင်းရွေ့ကြေးနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို မြင့်တင်ဖို့ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ သူဟာတော့ ယခုအချိန်မှာ ဘာစီလိုနာမြေမှာ အကောင်းဆုံးကစားနိုင်တာလည်းဖြစ်ပါတယ်။ သူ့ပြောင်းရွေးကြေးနဲ့ထိုက်တန်တယ်လို့တော့ ဆိုရမှာပေါ့ဗျာ။
(၂) ဒမ္ဘီလီ
Source: tsmsportz.com
အဆိုပါအပြောင်းအရွေ့ဟာ ကျနော်တို့ကို အံသြမှင်သက်သွားစေခဲ့ပါတယ်။ အသက် (၂၀) လောက်သာရှိသေးတဲ့ ကစားသမားတစ်ယောက်ကို ပေါင် သန်း (၉၇) သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူကိုတော့ ဒေါ့မွန်အသင်းမှ (၂၀၁၇) ခုနှစ်က ၀ယ်ယူခဲ့တာပါ။ သူဟာဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ခြေစွမ်းကောင်းတွေကိုတော့ ယခုအချိန်ထိမပြနိုင်သေးပါဘူး။ သို့ပေမဲ့ ငယ်ရွယ်ပြီး ပါရမီရှိလှတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ ဆက်လက်စောင့်ကြည့်သွားရမှာပေါ့။