[Zawgyi]

ဂရီးဇ္မန္းရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ပတ္သက္ၿပီး ယူ႐ို ၃၀၀ ဒဏ္႐ိုက္ခံလုိက္ရတဲ႔ ဘာစီလိုနာအသင္းဟာ အက္သလက္တီကိုတိုက္စစ္မႉး ဂရီးဇ္မန္းကို ေခၚယူခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ ယူရို ၃၀၀ ဒဏ္ရိုက္ခံခဲ႔ရပါတယ္။

အက္တလတ္တီကိုမက္ဒရစ္အသင္းဟာ ဘာစီလိုနာအသင္းက အဆိုပါျပင္သစ္တိုက္စစ္မႈးကို ေခၚယူလုိက္ၿပီလို႔ ေၾကညာကတည္းက ကြန္႔ကြက္ခဲ႔တာပါ။ ဘာစီလုိနာအသင္းက အဆိုပါကစားသမားရဲ႕ စာခ်ဳပ္ေလွ်ာ္ေၾကး ယူရိုသန္း ၂၀၀ ကေန သန္း ၁၂၀ အထိေလွ်ာ႔က်သြားတဲ႔အခ်ိန္မွ ကစားသမားကိုေခၚယူလုိက္ၿပီျဖစ္ေႀကာင္းေႀကညာခဲ႔တာပါ။

Source: Ghanasoccernet

ဒါေပမဲ႔ အက္တလတ္တီအသင္းကေတာ႔ သူတို႔ရဲ႕တုိက္စစ္မႈးကိုေရာင္းခ်ဖို႔အတြက္ စာခ်ဳပ္ေလွ်ာ္ေႀကးယူရို သန္း၂၀၀ ေက်ာ္ရွိစဥ္ကတည္းက သေဘာတူညီမႈရရိွထားတာျဖစ္တဲ႔အတြက္ေႀကာင္႔ စပိန္ေဘာလံုးအဖြဲခ်ဳပ္ကို တိုင္ႀကားခဲ႔တာပါ။

ဘာစီလိုနာအသင္းကေတာ႔ သူတို႔အေနနဲ႔ အက္သလက္တီကိုအသင္းမွ ထြက္ခြာေတာ့မည္ဟု ဂရီးဇ္မန္း အတည္ျပဳေၾကညာၿပီးမွသာ ေဆြးေႏြးခဲ့ျခင္းျဖစ္သည္ဟု တုံ႔ျပန္ခဲ့သည္။ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ႔ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာမွာ အက္သလက္တီကိုအသင္း စြပ္စြဲထားသလို ဘာစီလိုနာအသင္း စည္းမ်ဥ္းခ်ိဳးေဖာက္ခဲ့သည္ဟု သက္ေသျပႏိုင္ျခင္းမရွိေၾကာင္း၊ အက္သလက္တီကိုအသင္းမွ ခြင့္ျပဳျခင္းမရွိဘဲ ကစားသမားႏွင့္ ေဆြးေႏြးခဲ့ျခင္းသာ ရွိသည့္အတြက္ သတ္မွတ္ထားေသာ စည္းမ်ဥ္းအရ ဒဏ္ေၾကးယူ႐ို ၃၀၀ သာ ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပခဲ့ပါတယ္။

Source: Talksport

စပိန္ေဘာလံုးအဖြဲ႕ခ်ဳပ္ကေတာ႔ သူတို႔ ခ်မွတ္လိုက္တဲ႔ ဒဏ္ေၾကးမွာ သုညတစ္လုံးမွ ေလွ်ာ႔ျခင္းမရွိေႀကာင္း ေျပႀကားခဲ႔ပါတယ္။ယခုကဲ့သို႔ အလြန္နည္းပါးသည့္ ဒဏ္ေၾကးပမာဏသာ ခ်မွတ္ခဲ့ျခင္းေၾကာင့္ ေဝဖန္မႈမ်ား ရွိေနေသာ္လည္း ဘာစီလိုနာအသင္းကမူ ၎တို႔ မည္သည့္စည္းမ်ဥ္းကိုမွ် ခ်ိဳးေဖာက္ခဲ့ျခင္းမရွိေၾကာင္း ျပသသည့္အေနျဖင့္ အယူခံဝင္သြားဖြယ္ရွိသည္ဟုလည္း သိရွိရပါတယ္။

[Unicode]

ဂရီးဇ်မန်းရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ယူရို ၃၀၀ ဒဏ်ရိုက်ခံလိုက်ရတဲ့ ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုတိုက်စစ်မှူး ဂရီးဇ်မန်းကို ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ယူရို ၃၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

အက်တလတ်တီကိုမက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းက အဆိုပါပြင်သစ်တိုက်စစ်မှုးကို ခေါ်ယူလိုက်ပြီလို့ ကြေညာကတည်းက ကွန့်ကွက်ခဲ့တာပါ။ ဘာစီလိုနာအသင်းက အဆိုပါကစားသမားရဲ့ စာချုပ်လျှော်ကြေး ယူရိုသန်း ၂၀၀ ကနေ သန်း ၁၂၀ အထိလျှော့ကျသွားတဲ့အချိန်မှ ကစားသမားကိုခေါ်ယူလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့တာပါ။

Source: Ghanasoccernet

ဒါပေမဲ့ အက်တလတ်တီအသင်းကတော့ သူတို့ရဲ့တိုက်စစ်မှုးကိုရောင်းချဖို့အတွက် စာချုပ်လျှော်ကြေးယူရို သန်း၂၀၀ ကျော်ရှိစဉ်ကတည်းက သဘောတူညီမှုရရှိထားတာဖြစ်တဲ့အတွက်ကြောင့် စပိန်ဘောလုံးအဖွဲချုပ်ကို တိုင်ကြားခဲ့တာပါ။

ဘာစီလိုနာအသင်းကတော့ သူတို့အနေနဲ့ အက်သလက်တီကိုအသင်းမှ ထွက်ခွာတော့မည်ဟု ဂရီးဇ်မန်း အတည်ပြုကြေညာပြီးမှသာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စပိန်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှာ အက်သလက်တီကိုအသင်း စွပ်စွဲထားသလို ဘာစီလိုနာအသင်း စည်းမျဉ်းချိုးဖောက်ခဲ့သည်ဟု သက်သေပြနိုင်ခြင်းမရှိကြောင်း၊ အက်သလက်တီကိုအသင်းမှ ခွင့်ပြုခြင်းမရှိဘဲ ကစားသမားနှင့် ဆွေးနွေးခဲ့ခြင်းသာ ရှိသည့်အတွက် သတ်မှတ်ထားသော စည်းမျဉ်းအရ ဒဏ်ကြေးယူရို ၃၀၀ သာ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့ပါတယ်။

Source: Talksport

စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ သူတို့ ချမှတ်လိုက်တဲ့ ဒဏ်ကြေးမှာ သုညတစ်လုံးမှ လျှော့ခြင်းမရှိကြောင်း ပြေကြားခဲ့ပါတယ်။ယခုကဲ့သို့ အလွန်နည်းပါးသည့် ဒဏ်ကြေးပမာဏသာ ချမှတ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများ ရှိနေသော်လည်း ဘာစီလိုနာအသင်းကမူ ၎င်းတို့ မည်သည့်စည်းမျဉ်းကိုမျှ ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း ပြသသည့်အနေဖြင့် အယူခံဝင်သွားဖွယ်ရှိသည်ဟုလည်း သိရှိရပါတယ်။