အသံဆွေးဆွေးလေးနဲ့ ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားခဲ့တဲ့ Camila က ပရိသတ်ဆီကို သီချင်းလေးတစ်ပုဒ်ပို့လိုက်ပါတယ်။ အဲဒီသီချင်းလေးကတော့ BEAUTIFUL လို့ အမည်ရပါတယ်။ ဒီသီချင်းလေးဟာ Camila Cabello နဲ့ Bazzi တို့အတွက် ဒီနှစ်မှာ ကြီးမားတဲ့ လုပ်ဆောင်မှုတစ်ခုလို့ ပြောရမှာပါပဲ။

Source: Gamba FM

ဒီသီချင်းကို သြဂုတ်လ ၂ရက်နေ့ ကြာသာပတေးနေ့က ဖြန့်ချီတာဖြစ်ပြီး Bazzi ရဲ့ တေးသီချင်းကို Remix ပြန်လုပ်ထားတာဖြစ်ပါတယ်။ Camila က Featuring အနေနဲ့ အားဖြည့်သီဆိုပေးထားတာပါ။ ဒီတေးသီချင်းဟယ ဧပြီလက ထွက်ရှိခဲ့တဲ့ Cosmic ဆိုတဲ့ တေးအယ်ဘမ်မှာ ပါဝင်တဲ့ တေးသီချင်းလည်းဖြစ်ပါတယ်။

Source: billboard.com

ကဲ ငြိမ့်ညောင်းပြီ ချစ်စရာသံစဉ်လေးနဲ့အတူ Camilaရဲ့ ဆွေးတေးတေး ချိုတိုတို အသံကလေးနဲ့ ပရိသတ်ကို ဘယ်လိုလှလှပပဆွဲဆောင်ဦးမလဲဆိုတာကိုတော့ သူတို့နှစ်ဦးရဲ့ Beautiful ဆိုတဲ့ သီချင်းလေးကနေ စီးမြောခံစားကြရအောင်နော်။