ဇန်နဝါရီလဟာ ခရီးသွားရာသီ လတစ်လလို့ ပြောရမှာပါ။ ခက်ခဲကြမ်းတမ်းတဲ့ တစ်နှစ်တာကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ နှစ်တစ်နှစ်ရဲ့အစကို ခရီးသွားခြင်းနဲ့အတူ စတင်ကြသူတွေ မနည်းရှိပါတယ်။ ကွီးတို့အနေနဲ့ ဘော်ဒါတွေနဲ့အတူတူ ကမ်းခြေဘက်ကို ခရီးထွက်ဖြစ်မယ်ဆိုရင် ပျော်စရာကောင်းတဲ့ Beach ပါတီပွဲလေး ဆင်နွဲဖို့ အကြံပေးချင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Beach ပါတီပွဲ ကျင်းပဖို့အတွက် ကွီးတို့ပြင်ဆင်ရမယ့် အချက်လေးတွေကို ပြောပြပေးမှာပါ။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) နေရာရွေးပါ

Beach ပါတီပွဲ

Photo : WAVY.com

Beach ပါတီပွဲ ကျင်းပမယ်ဆိုရင် အရင်ဆုံး နေရာကောင်းကောင်းတစ်ခု ရွေးချယ်ဖို့လိုပါတယ်။ Hotel အခန်းထဲမှာပဲ Indoor ပါတီပွဲလေး ကျင်းပမလား ၊ ဒါမှမဟုတ် Beach ပါတီရဲ့ အနှစ်သာရစစ်စစ်ကို ခံစားနိုင်ဖို့ ကမ်းခြေသောင်ပြင်ပေါ်မှာ ကျင်းပမလား စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

(၂) ညနေခင်းက အကောင်းဆုံးပါ

Beach ပါတီပွဲ

Photo : Unsplash

Beach ပါတီပွဲ လေးကို‌ နေ့ဘက်ဖြစ်စေ ၊ ညဘက်ဖြစ်စေ ကွီးတို့ စိတ်ကြိုက်ကျင်းပနိုင်ပါတယ်။ ဒါပေမယ့် အကြံပေးရမယ်ဆိုရင်တော့ ညနေခင်း နေဝင်ဆည်းဆာအချိန်က ပါတီပွဲ ကျင်းပဖို့အတွက် အသင့်တော်ဆုံး အချိန်ပါပဲ။ သာယာလှပတဲ့ ညနေခင်း နေဝင်ဆည်းဆာအလှနဲ့အတူ ကွီးတို့ရဲ့ ကမ်းခြေပါတီပွဲလေးဟာ ပိုပြီး ခမ်းနားပြည့်စုံသွားစေမှာ သေချာပါတယ်။

(၃) ပါတီ Theme အိုင်ဒီယာလေးတွေ စဉ်းစားပါ

Beach ပါတီပွဲ

Photo : Holiday Tours & Travel

Beach ပါတီ Theme တွေကတော့ အများကြီးရှိပါတယ်။ ဒီထဲကမှာ အမိုက်စားဖြစ်စေမယ့် ပါတီ Theme ၃ ခုကို ပြောပြပေးပါမယ်။ ပထမတစ်ခုကတော့ ပင်လယ်ကြီးကို ကိုယ်စားပြုတဲ့ Ocean-Theme ပါတီအိုင်ဒီယာလေးပါ။ ကမ်းခြေနဲ့လိုက်ဖက်တဲ့ ဖက်ရှင်တွေ ၊ ပင်လယ်ကို ကိုယ်စားပြုတဲ့ အပြာရောင် Theme လေးတွေနဲ့ ပါတီကို ပြင်ဆင်ကျင်းပလို့ရပါတယ်။ နောက်တစ်ခုကတော့ ကမ်းခြေပါတီရဲ့ အတွေ့အကြုံကို အပီအပြင်ခံစားနိုင်မယ့် Hawaiian စတိုင် Luau ပါတီ အိုင်ဒီယာလေးပါ။ TiKi စတိုင် ညမီးတိုင်လေးတွေ ၊ ရိုးရာဝတ်စုံနဲ့ သီချင်းသံစဉ်တွေ ၊ Hula အကတွေနဲ့ ပါတီပွဲလေးကို ပျော်ပျော်ပါးပါး ဆင်နွဲလို့ရပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကမ်းခြေပါတီပွဲလေးတွေမှာ မပါမဖြစ်တဲ့ မီးပုံပွဲ ပါတီ Theme အိုင်ဒီယာလေးပဲ ဖြစ်ပါတယ်။ မီးပုံဘေးမှာ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်ရင်း ဂစ်တာတီးပြီး သီချင်းဆိုတာ ၊ ဂိမ်းလေးတွေ ကစားတာ စသည့်ဖြင့် ပြုလုပ်နိုင်ပါတယ်။

(၄) ပါတီ Decoration အတွက် မပါမဖြစ်ထည့်ရမယ့် အရာလေးတွေ

Beach ပါတီပွဲ

Photo : Salero on the Beach

ပါတီအတွက် Decoration ပြင်ဆင်တဲ့အခါ ရိုးရှင်းပြီး သဘာဝဆန်တဲ့ အပြင်အဆင်လေးတွေကို ဦးစားပေးသင့်ပါတယ်။ ကမ်းခြေမှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ ခရုခွံလေးတွေ ၊ ကျောက်တုံးလေးတွေအပြင် အလှဆင်ပူဖောင်းတွေ ၊ မီးပုံးလေးတွေ ၊ ထီးလေးတွေ စသည်ဖြင့် Beach ပါတီပွဲ ကို ပိုမိုပေါ်လွင်စေမယ့် အလှဆင်ပစ္စည်းလေးတွေကိုလည်း ထည့်သင့်ပါတယ်။

(၅) အစားအသောက်နဲ့ ဂိမ်းအစီအစဉ်လေးတွေထည့်ပါ

Beach ပါတီပွဲ

Photo : An Extraordinar Limousine

Beach ပါတီပွဲ အတွက် အစားအသောက်ရွေးချယ်မှုပိုင်းကလည်း အရေးကြီးပါတယ်။ ပေါ့ပေါ့ပါးပါး စားလို့ရမယ့် Appetizers တွေ ၊ ပင်လယ်စာ အကင်နဲ့ဟင်းလျာတွေ ၊ Fish And Chips ၊ Salads နဲ့ Fresh Fruits တွေအပြင် အချိုတည်းစရာအတွက် Tropical ရေခဲမုန့်နဲ့ Smoothies တွေကိုလည်း ရွေးချယ်ပြင်ဆင်နိုင်ပါတယ်။ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေထဲမှာတော့ ကမ်းခြေနဲ့ အလိုက်ဖက်ဆုံး ဘီယာအပြင် ကော့လ်တေးနဲ့ဝိုင်တွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ဂိမ်းအစီအစဉ်မှာတော့ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ပျော်ပျော်ပါးပါး လှုပ်လှုပ်ရှားရှား ဆော့ကစားရမယ့် Activities တွေ ၊ တစ်ဖက်နဲ့တစ်ဖက် ယှဉ်ပြိုင်ကစားရမယ့် ပြိုင်ပွဲဂိမ်းတွေ ၊ Card ဂိမ်းတွေ ၊ ဉာဏ်စမ်းဂိမ်းတွေကိုလည်း ဆော့ကစားနိုင်ပါတယ်။

Featured Photo : Giggles N’ Hugs