၁၉၆၀ ခုနှစ်က ပေါ်ပေါက်လာခဲ့သော Beatles တေးဂီတဟာ ကမ္ဘာနှင့်တဝှမ်း လူကြိုက်များ ကျော်ကြားခဲ့ပါတယ်။ ထိုခေတ်အချိန်အခါကနေ ယနေ့ခေတ်အထိရေပန်းစားခဲ့သော Beatles သီချင်းများရဲ့ ပဲ့ကိုင်ရှင်များကိုသိထားသင့်တယ် မဟုတ်ပါလား။ Beatles တေးဂီတအဖွဲ့ကို စတင်မွေးဖွားခဲ့တဲ့ပဲ့ကိုင်ရှင် (၄) ဦးကတော့ John Lennon, Paul McCartney, George Harrison and Ringo Starr တို့ပဲဖြစ်ပါတယ်။
John Lennon
Source: welt.de
John ရဲ့နာမည်အပြည့်အစုံက John Winston Ono Lennon ပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ၊ လီဗာပူး မြို့မှာမွေးဖွားခဲ့တဲ့ John ဟာဂီတဘက်မှာထူးချွန်တဲ့တေးရေးဆရာ၊ အဆိုတော်ဖြစ်ရုံမျှမက ငြိမ်းချမ်းရေးမှာ လည်းတက်ကြွလှုပ်ရှားတဲ့သူတစ်ဦးဖြစ်ပါတယ်။ Beatles အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာမယ့် Paul McCartney နဲ့ခင်မင်ခဲ့ပြီးနောက်ပိုင်းတွင် တခြားအဖွဲ့ဝင်၂ ဦးနှင့်ပါတွေ့ဆုံဖြစ်ပြီး ကမ္ဘာ့နာမည်ကျော် Beatles တီးဝိုင်းကို မွေးဖွားခဲ့ကြပါတော့တယ်။
Paul McCartney
Source : RealClearLife
ထင်ရှားတဲ့ Beatles တီးဝိုင်းရဲ့ ပဲ့ကိုင်ရှင်တစ်ဦးကတော့ Sir James Paul McCartney ပဲဖြစ်ပါတယ်။ McCartney ဟာ အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့မှာ ၁၉၄၂ ခုနှစ်ကမွေးဖွားခဲ့ပြီး တေးရေးဆရာ၊ အဆိုတော်အဖြစ် နာမည်ကျော်ကြားတဲ့အပြင် တူရိယာမျိုးစုံကိုတီးခတ်နိုင်တဲ့ ဂီတပါရမီရှင်တစ်ဦးလည်းဖြစ်ပါတယ်။ Beatles တီးဝိုင်းမှာ Bass Guitarist တစ်ဦးအဖြစ် ပါဝင်ပဲ့ကိုင်ပေးခဲ့ပြီး လူကြိုက်များရေပန်းစားခဲ့ပါတယ်။
George Harrison
Source: stereocien.com.mx
၁၉၄၃ခုနှစ်မှာ မွေးဖွားခဲ့တဲ့ George Harrison ဟာ တေးရေးဆရာ၊ တေးဆိုအပြင် ထုတ်ဝေသူတစ်ဦးအဖြစ်ပါ လူသိများကျော်ကြားခဲ့ပါတယ်။ Beatles အဖွဲ့မှာ Lead Guitarist တစ်ဦးအဖြစ် ပဲ့ကိုင်ပေးခဲ့ပါတယ်။ အိန္ဒိယယဉ်ကျေးမှုတွေကို နှစ်သက်ပြီး အရှေ့တိုင်းနဲ့ အနောက်တိုင်းဂီတကို ရောစပ်ထားတဲ့ ဂီတအမျိုးအစားကို ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။
Ringo Starr
Source : RealClearLife
Beatles အဖွဲ့ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ Sir Richard Starkey ကို ၁၉၄၀ခုနှစ်၊ အင်္ဂလန်တွင်မွေးဖွားခဲ့ပါတယ်။ သူဟာတခြားပဲ့ကိုင်ရှင် ၃ ဦးလိုပဲ တေးရေးဆရာ၊ အဆိုတော်၊ ဂီတပညာရှင်အပြင် သရုပ်ဆောင်တစ်ဦးအဖြစ်ပါ နာမည်ကြီးထင်ရှားခဲ့သူတစ်ဦးဖြစ်ပါတယ်။ Beatles အဖွဲ့မှာ Drum တီးခတ်သူအဖြစ် အကောင်းဆုံးပဲ့ကိုင်ခဲ့ပါတယ်။