ကျွန်တော်တို့ အမျိုးအသားတွေအတွက် Accessory ဆိုတာ မိန်းကလေးတွေလောက် ရွေးစရာမများပေမယ့် သူ့နေရာနဲ့သူတော့မဖြစ်မနေဝတ်ဆင်ပေးရပါတယ်။ ပထမဦးဆုံး အမျိုးသားတွေအတွက် Accessory ဆိုတာ ဘာတွေလဲဆိုတော့ Neck Wear ၊ နာရီ ၊ ခါးပတ် ၊ လက်ပတ် ၊ ဦးထုပ် အစရှိတာတွေပဲဖြစ်ပါတယ်။

ဒီတပတ်ခေါင်းစဉ်အောက်မှာတော့ နက်ခ်တိုင်အကြောင်း ဦးစားပေးပြောချင်ပါတယ်။ Tie ကို Formal Wear နဲ့တွဲဝတ်မယ်ဆိုရင် ဘယ်အချက်တွေကို စံထားပြီး စဉ်းစားရွေးချယ်သင့်တယ်ဆိုတာကို အကြံပေးချင်ပါတယ်။

Source: theidleman.com

Face Shape မျက်နာအနေအထား

ကိုယ့်မျက်နှာကျပုံ အနေအထားနဲ့ လိုက်မယ့်ဟာကိုရွေးချယ်ရမယ့်အပြင် ကိုယ်ဝတ်သွားမယ့် နေကာမျက်မှန် ၊ ဦးထုပ် ဒါမှမဟုတ် Facial Hair စတဲ့သက်ဆိုင်တဲ့ အရာတွေနဲ့လည်း ကြည့်ကောင်းအောင် ထည့်သွင်းစဉ်းစားရပါ့မယ်။ ဥပမာပေးရမယ့်ဆိုရင် သင့်မျက်နှာကကြီးတယ်ဆို Skinny Tie ကိုမဝတ်တာအကောင်းဆုံးပါ။ ဒီလိုပဲ မျက်နှာသွယ်ပြီးသေးတဲ့သူတွေအတွက်လဲ အလျားကျယ်တဲ့ Tie တွေဟာ အလုပ်မဖြစ်လောက်ပါဘူး။

Collar Shape ရွပ္အက်ႌေကာ္လံအေနအထား

ဘာလို့ ကိုယ်တွဲဝတ်မယ့်ရှပ်အင်္ကျီပ်ါမူတည်ပြီး စဉ်းစားသင့်လဲဆိုတာကတော့ သဘာဝကျပါတယ်။ Tie ကို အထုံးထုံးတဲ့အခါ ကော်လံသေးရင် Space မလောက်မှာဆိုးလို့ပါ။

Tie အမျိုးအစား

ဒီအချက် သတိထားသင့်တာနှစ်မျိုးရှိပါတယ်။ တစ်ခုက ကိုယ်ရွေးချယ်ထားတဲ့ Suit နဲ့ ရှပ်အင်္ကျီရဲ့ Texture အနေအထားပေါ်မူတည်ပြီး ရွေးချယ်သင့်သလို၊ နောက်ထပ်စဉ်းစားသင့်တာတစ်ခုက Tie Knot လုပ်မယ်ဆို အဆင်ပြေပြေထုံးနိုင်မယ့် Fabric ကိုရှာဝယ်သင့်ပါတယ်။

Source: theidleman.com

Formality

ကိုယ်သွားမယ့် ပွဲလမ်းသဘင်၊ နေရာ၊ Occasion နဲ့ Dress Code ပေါ်မူတည်ပြီး ဒီဇိုင်းကာလာကို ရွေးချယ်သင့်ပါတယ်။

Tie အရောင်

Source: theidleman.com

နောက်ဆုံးအချက်ဆိုပေမယ့်လည်း မဖြစ်မနေထည့်သွင်းစဉ်းစားသင့်တဲ့အခြေအနေပါ သင့်တော်တဲ့ Tie အရောင်ကို ပါးနပ်စွာရွေးချယ်နိုင်မှုအပေါ် Elegant ကစကားပြောသွားမှာ ဖြစ်ပါတယ်။ ဒီလိုနေရာမှာ ဆန့်ကျင်ဘက်ဖြစ်တဲ့ သဘောတရားကအလုပ်ဖြစ်ပါတယ် Suit ကအရောင်က Light ဖြစ်ရင် Tie ကို Darker ဖြစ်တာမျိုးရွေးချယ်သင့်ပါတယ်။