ခါးပတ်ပတ်ရခြင်းဟာ ဘောင်းဘီချောင်နေတာကို ထိန်းဖို့တစ်ခုတည်းပဲမဟုတ်ပါဘူး။ ခါးပတ်ဟာ ယောက်ျားလေးတွေအတွက် ရှိသင့်တဲ့ Accessory လို့ပြောရရင်လည်း မမှားပါဘူး။ Suit တစ်စုံဝတ်တဲ့အခါ Tie လိုအပ်သလိုပါပဲ ခါးပတ်ဟာလည်း မရှိမဖြစ်လိုပါတယ်။ ခါးပတ်ပတ်လိုက်ရင် ဘောင်းဘီဟာ အပေါ်တက်သွားပြီး ပိုကြည့်ကောင်းသွားစေတဲ့ အပြင်ဘောင်းဘီတွေ ဝတ်ဆင်တဲ့အခါ ခါးပတ်မပါရင် တစ်ခုခု မပြည့်စုံသလို ခံစားရစေမှာပဲ ဖြစ်ပါတယ်။
အဝတ်အစားကမှောင်နေရင်တော့ နောက်ထပ် ခါးပတ်ကို အရောင်ထပ်ဖြည့်လိုက်ရင်တော့ အလိုက်ဖက်ဆုံးဖြစ်သွားပြီပေါ့။ ခါးပတ်ဝယ်မယ်ဆိုစဉ်းစားသင့်တဲ့ အမျိုးအစားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အလိုက်ဖက်ဆုံး ရွေးချယ်နိုင်ကြပါစေ။
Leather Dress Belt
Source: esquire.com
ရိုးရှင်းပြီး အညိုရောင်ရှိတဲ့ သားရေခါးပတ်မျိုးဖြစ်ပါတယ်။ Organize ကျတဲ့ဖက်ရှင်တစ်ခုအတွက်ဆိုရင်တော့ မရှိမဖြစ်ပေါ့။
Merano Canvas Belt
Source: esquire.com
ဒီခါးပတ်ကတော့ Canvas နဲ့လုပ်ထားတဲ့အတွက် Causal ဖက်ရှင်တွေအတွက်ဆို သင့်တော်ပါတယ်။
Leather Belt
Source: esquire.com
Texture ပါတဲ့ အဝတ်အစားဒီဇိုင်းတွေနဲ့ဆို ဒီသားရေခါးပတ်က ပိုပြီးလိုက်ဖက်မှုရှိမှာပါ။ Buckle ကွင်းလေးလည်းပါတဲ့အပြင် အနက်ရောင်ဆိုတော့ အဝတ်အစားမရွေးဘူးပေါ့။
Reflective Printed Web Belt
Source: esquire.com
ထသွားထလာ ဖက်ရှင်ကျပြီး ခါးပတ်ကိုအသားပေးချင်တယ်ဆိုရင် Web Belt က ပေါ်လွင်စေမှာပါ။
Pioneer Belt
Source: esquire.com
ခါးပတ်အပျော့စားတွေမကြိုက်ဘူးဆိုရင်တော့ ဒီခါးပတ်လေးနဲ့ပိုသင့်တော်မှာပါ။ Shoes တွေမှာသုံးတဲ့ သားရေသား အမာကို သုံးထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
Leather Trimmed Woven Elastic Belt
Source: esquire.com
ကာလာလေးနဲ့မှကြိုက်သူတွေအတွက် ဒီခါးပတ်လေးဟာ အမြင်တမျိုးဆန်းသစ်စေမှာပါ။ Elastic လည်းပါတော့ ခါးဆိုဒ်ကြီးလည်း အဆင်ပြေမှာပါ။ ဝတဲ့သူတွေပတ်သင့်တဲ့ ခါးပတ်မျိုးပါ။
Suede Belt
Source: esquire.com
ခါးပတ်ခေါင်းလေးကအစ မျှားပုံစံလေးလို ဆန်းပြားတဲ့အတွက် ဒီလိုခါးပတ်မျိုးဟာ ခု ၂၁ရာစု ဖက်ရှင်တွေနဲ့ ပိုသင့်တော်စေမှာပါ။ ခါးပတ်ကအစ အထာကျနေမှတော့ ဘာလိုသေးလဲ။
Blue Intrecciato Leather Belt
Source: esquire.com
ခါးပတ်အများစုဟာ သားရေနဲ့လုပ်ကြတာများပါတယ်။ ဒီ့အထဲမှာမှ ခါးပတ်လေးဟာ ဗြောင်မဟုတ်ဘဲ Texture ပါတဲ့ နက်ပြာရောင်လေးဆိုတော့ အရောင်ဖျော့တဲ့ အဝတ်အစားတွေရော မှောင်တဲ့အဝတ်အစားတွေနဲ့ရော လိုက်ဖက်စေမှာပါ။