“Old but gold” ဆိုတဲ့စကားလေးကို အားလုံးပဲ ကြားဖူးကြမှာပါ။ ခေတ်ဟောင်းသွားတောင်ဘယ်တော့မှ မပျက်စီးသွားဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ခေတ်သစ်သီချင်းတွေအား ဘယ်လိုပဲ ထုတ်လွှင့်ပါစေဦးတော့ ခေတ်ဟောင်းကသီချင်းတွေရဲ့ အနှစ်အရသာကိုတော့ ဘယ်လိုမှ လိုက်မှီမှာ မဟုတ်ပါဘူး။
Source: rockcellarmagazine.com
ဘာကြောင့် ခေတ်ဟောင်းက သီချင်းတွေက အနှစ်အရသာပိုပြည့်လဲပြောရရင် သီချင်းစာသားရဲ့ အဓိပ္ပါယ်တွေနဲ့ တီးလုံးတွေကအစ နားထောင်သူရဲ့ ရင်ထဲကို တိုက်ရိုက်ထိစေတယ်။ ချက်ချင်းဆိုသလို တွယ်ငြိစေတယ်။ အားလုံးရဲ့ နုလုံးသားထဲစွဲနေအောင် ကိုင်လှုပ်နိုင်စေတယ်။ အသံပါဝါအားတွေကလည်း အခုခေတ်တေးဆိုသူတွေနဲ့ ယှဉ်ရင် နှိုင်းမရအောင် ကောင်းနေတဲ့အတွက်ကြောင့် ခေတ်ဟောင်းသီချင်းတွေက ပိုပြီးအနှစ်သာရရှိနေခြင်းဖြစ်ပါတယ်။
အားလုံးလက်သင့်ခံစေမယ့် ဥပမာကောင်းများနဲ့နှိုင်းပြရရင် Whitney Houston ရဲ့ I Have Nothing ၊ I Will Always Love You စတဲ့သီချင်းများအပြင် Shania Twain ရဲ့ From This Moment On စတဲ့ သီချင်းများကို နှိုင်းပြချင်ပါတယ်။
ခေတ်ဟောင်းသီချင်းတွေထဲမှာမှ ၁၉၅၀ခေတ်က ရာစုတစ်စုလုံးအကောင်းဆုံးတေးသွားတေးသီချင်းများကို စုစည်းပြီး တင်ပြပေးလိုက်ပါတယ်။
White Christmas – Bing Crosby (1950)
Come On-a My House – Rosemary Clooney (1951)
Unforgettable – Nat King Cole (1952)
You, You, You – Ames Brothers (1953)
That’s Amore – Dean Marin (1954)
Rock Around the Clock – Bill Haley & His Comets (1955)
HOUND DOG/ DON’T BE CRUEL – Elvis Presley (1956)
https://www.youtube.com/watch?v=cQB-vSmN0To
Love Letters in the Sand – Pat Boone (1957)
It’s All In the Game – Tommy Edwards (1958)
Mack The Knife – Bobby Daring (1959)
အခုလိုမျိုး ရာစုတစ်စုလုံးရဲ့ အကောင်းဆုံးတေးသွားများကို ဖော်ပြသတ်မှတ်ခြင်းခံရတဲ့ သီချင်းတွေ ဘယ်လိုမျိုး အနှစ်သာရတွေနဲ့ သီဆိုထားတယ်၊ ပရိသတ်တွေရဲ့ ရင်ထဲကို စွဲငြိနေအောင် ဘယ်လိုဖမ်းစားထားတယ်ဆိုတာကို လက်အလွတ်မခံပဲ နားထောင်ကြည့်စေချင်ပါတယ်။ ကိုယ့်ချစ်သူနဲ့ အချိန်အတူတူကုန်ဆုံးနေတဲ့အခါမှာလည်း ရင်ဘတ်ချင်းပိုနီးစေတဲ့ သီချင်းတွေဖြစ်စေမှာပါ။