Adidas Brand ကတော့ ယောက်ျားလေးတွေအတွက် စိမ်းမယ်မထင်ပါဘူး။ လက်ရှိအချိန်မှာတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်တွေတုန်းထဲက အောင်မြင်ခဲ့တဲ့ Clothing Brand တစ်ခုဖြစ်ပြီးတော့ Shoes တွေနဲ့ Sneaker တွေမှာလည်း အောင်မြင်တဲ့ Brand တစ်ခုဖြစ်ပါတယ်။
အဲ့ဒီအတွက် ကွီးတို့အနေနဲ့ Adidas Shoes လေးတွေကို ဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အရွေးမှားသွားတာမျိုး မဖြစ်ရလေအောင် လက်ရှိမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Adidas Shoes တွေကို ပြောပြပေးသွားပါမယ်။
Adidas Yeezy Boost 350 V2
Source: GQ.com
အခု Adidas Teezy Boost Series တွေက အဆိုတော် Kanye West ကြောင့်ဖြစ်လာတဲ့ Series လို့တောင်ပြောလို့ရပြီးတော့ 350 V2 က Yeezy Series ထဲမှာ လူကြိုက်အများဆုံးလို့တောင်ပြောလို့ရပါတယ်။ အရေအတွက် အကန့်အသတ်နဲ့သာရောင်းချပြီးတော့ ပြန်ရောင်းတဲ့အချိန်မှာလည်း ဈေး ၂ ဆ ၃ ဆ အထိတင်ပြီးတောင် ရောင်းချကြတာဖြစ်ပါတယ်။
Adidas NMD R1
Source: GQ.com
Adidas ရဲ့ နောက်ထပ်အကောင်းစား နာမည်ကြီး NMD Series ရဲ့အောင်မြင်ဆုံးသော Shoes လို့ ပြောရမယ့် ဒီ NMD R1 Shoes ကလည်း Adidas ရဲ့ နာမည်ကို ပိုအောင်မြင်စေခဲ့တာဖြစ်ပါတယ်။ Adidas ရဲ့ အကောင်းစား Primekit နဲ့ Boost Technology ၂ မျိုးစလုံးကိုအသုံးပြုထားပြီးတော့ ကြွနေတဲ့ အနီရောင်နဲ့ အပြာရောင်က မြင်လိုက်တာနဲ့ Adidas NMD R1 မှန်း တန်းသိစေပါတယ်။
Adidas Ultra Boost
Source: GQ.com
Adidas ရဲ့ Ultraboost Series Sneaker တွေကတော့ လက်ရှိအချိန်မှာ Comfort အဖြစ်ဆုံး Sneaker တွေလို့ ပြောရင်တောင်မှားနိုင်မယ်မထင်ပါဘူး။ အကောင်းတကာ့အကောင်းဆုံးသောနည်းပညာတွေနဲ့ပြုလုပ်ထားတဲ့ ဒီ Adidas ရဲ့ Ultraboost Shoes တွေက အခုဆိုရင် Version 4.0 အထိရောက်နေပြီပဲဖြစ်ပါတယ်။
Adidas Stan Smith
Source: GQ.com
ဒီ Stan Smith Sneaker ကတော့ လူတိုင်းကြိုက်နှစ်သက်တဲ့ Sneaker တစ်ခုပါ။ လွန်ခဲ့တဲ့ ၁၉၇၃ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ Stan Smith နာမည်နဲ့ တင်းနစ်သမားတစ်ယောက်ကို အစွဲပြုပြီး ထုတ်ခဲ့တဲ့ ဒီ Sneaker က လက်ရှီအချိန်အထိတော့ Adidas ရဲ့ အကောင်းဆုံးထဲပါဝင်နေတုန်းပဲဖြစ်ပါတယ်။
Adidas Superstar
Source: GQ.com
အမှတ်တမဲ့ကြည့်လိုက်ရင် Stan Smith နဲ့ ဆင်တယ်ဆိုပေမယ့် ဒါက Superstar ပါ။ ဘတ်စကတ်ဘောသမားတွေအကြိုက်ဖြစ်ခဲ့တာကနေ အခုအချိန်မှာတော့ လူတိုင်းက ထသွားထလာစီးဖို့အတွက်အထိ အမြဲတမ်းရွေးချယ်နေတဲ့ Sneaker တစ်ခုပဲဖြစ်ပါတယ်။