အသင်းခေါင်းဆောင်ဆိုတာ အရမ်းကို အရေးပါလှပါတယ်။ ဘောလုံးကွင်းထဲကစားနေချိန်မှာ အသင်းခေါင်းဆောင်ရဲ့ သြဇာက အများကြီးသက်ရောက်ပါတယ်။ ယခုနှစ်ရာသီရဲ့ အကောင်းဆုံးအသင်းခေါင်းဆောင် (၃) ယောက်ကိုလည်း ရွေးချယ်ပေးလိုက်ရပါတယ်။
3. Daniele De Rossi – Roma
Source: sillyseason.com
ရိုးမားအသင်းရဲ့ သက်တော်ွရှည် အသင်းခေါင်းဆောင်ကြီး တော့တီအနားယူသွားပြီးတဲ့နောက်ပိုင်းမှာ ဒီရော့စီကို အသင်းခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့ကြပါတယ်။ ကွင်းလယ်အဖျက်ဖြစ်တဲ့ သူဟာ အသင်းခေါင်းဆောင်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ အသင်းရလာဒ်ကောင်းဖို့နဲ့ အသင်းသားတွေ စိတ်ဓာတ်တတ်ကြွအောင် ကွင်းထဲမှာ အမြဲအားပေးနေလေ့ရှိပါတယ်။ သူဟာ ယခုနှစ်အတွက် တတိယအကောင်းဆုံး အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။
2. Thiago Silva – PSG
Source: sillyseason.com
PSG အသင်းဟာ ယခုအချိန်မှာတော့ နာမည်ကျော်တွေစုပုံနေတဲ့ ကြယ်စင်စုအသင်းကြီးဖြစ်ပါတယ်။ အဆိုပါအသင်းမျိုးကိုနည်းပြဖို့နဲ့ အသင်းခေါင်းဆောင်လုပ်ပေးဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ ဘရာဇီးသားတစ်ယောက်ဖြစ်တဲ့သူကတော့ PSG လိုအသင်းမျိုးရဲ့ အသင်းခေါင်းဆောင်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတာဖြစ်ပါတယ်။
1. Sergio Ramos – Real Madrid
Source: sillyseason.com
ယခုနှစ်အတွက် အကောင်းဆုံးအသင်းခေါင်းဆောင်ကတော့ ရီးရဲလ်မတ်ထရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာမိုစ်ဖြစ်ပါတယ်။ ရီးရဲမတ်ထရစ်အသင်းရဲ့ နောက်တန်းကို အကောင်းဆုံးထိန်းချုပ်ထားနိုင်သလို အသင်းသားတွေအပေါ်လည်း သြဇာရှိတာဖြစ်ပါတယ်။