[Zawgyi]

ေနာက္တစ္လ ႏွစ္လေလာက္ဆိုရင္ ေဆာင္းေရာက္ေတာ့မွာပါ။ ေဆာင္းဦးေပါက္ဟာ ပံုမွန္အတိုင္းဆိုရင္ အလြန္ခ်မ္းတဲ့ ရာသီမ်ိဳး မဟုတ္ေသးဘဲ ေအးစိမ့္စိမ့္နဲ ့လမ္းသလားဖို ့ေကာင္းရံုရာသီဥတု ျဖစ္ပါတယ္။ အဲဒီလို အခ်ိန္မ်ိဳးမွာ အျပင္ထြက္ ေလွ်ာက္လည္ျဖစ္ရင္ ဘယ္လိုမ်ိဳး Outfit ေတြ ဝတ္သင့္သလဲဆိုတာ အၾကံေပးခ်င္ပါတယ္။

(၁) ကုတ္အပါးနဲ ့ဂ်င္းသား ေဘာင္းဘီ

Source: Business Insider

အေပၚမွာ ထပ္အကၤ်ီတစ္ထည္ပါတာဟာ ေဆာင္းရာသီနဲ ့လိုက္ဖက္တဲ့ ေရြးခ်ယ္မႈပါပဲ။ သိပ္မထူထဲတဲ့ ကုတ္အပါးကို ရွပ္တို ့၊ ဆြယ္တာပါးပါး ၊ long-sleeve တီရွပ္လက္ရွည္တို ့ရဲ့ အေပၚမွာ ထပ္္ဝတ္ရင္ကို အျပင္ထြက္ဖို ့ဖက္ရွင္ေကာင္းတစ္ခု ရပါလိမ့္မယ္။

(၂) ဆြယ္တာ ၊ ဂ်င္းနဲ ့sneaker

Source: iStock

ဆြယ္တာကိုေတာ့ ကိုယ့္မ်က္ႏွာနဲ ့လိုက္ဖက္မယ့္ လည္ဝိုက္ နဲ ့V-shape တစ္ခုခု ဝတ္သင့္သလို တစ္ခ်ိဳ ့ေတြမွာလည္း Half-zip ဆြယ္တာလည္ေထာင္ေလးေတြ ဝတ္လို ့ရပါတယ္။ တကယ္လို ့ဂ်င္းဖက္ရွင္ သိပ္မၾကိဳက္ရင္ ခ်ည္သားေဘာင္းဘီတစ္မ်ိဳးမ်ိဳး ေရြးခ်ယ္ႏိုင္ပါတယ္။ ဒီဖက္ရွင္ဟာ Classic ဆန္သလို လူငယ္တစ္ေယာက္ရဲ့ ဟန္ကိုလည္း ၾကြေစပါတယ္။

(၃) လယ္သာဂ်က္ကတ္

Source: ShutterStocks

တကယ္လို ့Leather ဂ်ာကင္ေတြ သေဘာက်တယ္ဆိုရင္ ေဆာင္းဦးေပါက္မွာ စမ္းဝတ္ၾကည့္စရာပါပဲ။ လယ္သာေတြနဲ ့ဆို မိုးျပာေရာင္ နဲ ့အနက္ေရာင္ ဂင်င္းေတြက လိုက္ပါတယ္။ ဂ်က္ကတ္ေတြဟာ ခပ္စိမ့္စိမ့္ေအးတဲ့ရာသီမွာ ပိုျပီး ဝတ္လို ့ေကာင္းသလို အျပင္ ထသြားလာသြားအတြက္လည္း ေပါ့ေပါ့ပါးပါး ဝတ္သြားႏိုင္တဲ့ ဖက္ရွင္ ျဖစ္ပါတယ္။

(၄) ဘယ္လိုကာလာေတြ ေရြးမလဲ

Source: thetrendspotter

ရာသီတိုင္းမွာ သူ ့အေရာင္နဲ ့သူ ့အခင္းအက်င္း ရိွသလိုပဲ လူဟာလည္း ရာသီအလိုက္ ကာလာေျပာင္းေပးဖို ့လိုပါတယ္။ ေဆာင္းရာသီေရာက္ရင္ ကိုယ့္အဝတ္ဗီရိုထဲက ေန ့စဥ္ ဝတ္မယ့္ အဝတ္အစား စာရင္းမွာ လိေမၼာ္နဲ ့ေရႊေရာင္ ၊ အညိဳေရာင္ ၊ သံလြင္စိမ္းရင့္ေရာင္ ၊ နက္ျပာေရာင္နဲ ့မရမ္းေစ့ေရာင္ေတြ ရိွထားသင့္ပါတယ္။

(၅) ဖိနပ္ေတြ

Source: thetrendspotter

ေဆာင္းရာသီမွာ ဘယ္လို ဖိနပ္စီးမလဲဆိုတာ ၾကိဳစဥ္းစားရေအာင္ပါ။ အားကစားလုပ္ဖို ့အတြက္ကေတာ့ Sporty တစ္ခုခု ရိွရင္ ရပါျပီ။ ေဆာင္းဦးေပါက္ ဖက္ရွင္အျဖစ္ ဖိနပ္စီးမယ္ဆိုရင္ Boot တစ္ခုခု စီးသင့္ပါတယ္။ Boots ဟာ ရိွရင္းစဲြ အရပ္ကိုပါ ျမင့္ေစလို ့ကိုယ့္ကိုယ္ကို ယံုၾကည္မႈလည္း ပိုရိွေစသလို စမတ္က်ျပီး Functional လည္း ျဖစ္ပါတယ္။

[Unicode]

နောက်တစ်လ နှစ်လလောက်ဆိုရင် ဆောင်းရောက်တော့မှာပါ။ ဆောင်းဦးပေါက်ဟာ ပုံမှန်အတိုင်းဆိုရင် အလွန်ချမ်းတဲ့ ရာသီမျိုး မဟုတ်သေးဘဲ အေးစိမ့်စိမ့်နဲ့လမ်းသလားဖို့ကောင်းရုံရာသီဥတု ဖြစ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ အပြင်ထွက် လျှောက်လည်ဖြစ်ရင် ဘယ်လိုမျိုး Outfit တွေ ဝတ်သင့်သလဲဆိုတာ အကြံပေးချင်ပါတယ်။

(၁) ကုတ်အပါးနဲ့ဂျင်းသား ဘောင်းဘီ

Source: Business Insider

အပေါ်မှာ ထပ်အင်္ကျီတစ်ထည်ပါတာဟာ ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ ရွေးချယ်မှုပါပဲ။ သိပ်မထူထဲတဲ့ ကုတ်အပါးကို ရှပ်တို့၊ ဆွယ်တာပါးပါး ၊ long-sleeve တီရှပ်လက်ရှည်တို့ရဲ့ အပေါ်မှာ ထပ်ဝတ်ရင်ကို အပြင်ထွက်ဖို့ဖက်ရှင်ကောင်းတစ်ခု ရပါလိမ့်မယ်။

(၂) ဆွယ်တာ ၊ ဂျင်းနဲ့sneaker

Source: iStock

ဆွယ်တာကိုတော့ ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့် လည်ဝိုက် နဲ့V-shape တစ်ခုခု ဝတ်သင့်သလို တစ်ချို့တွေမှာလည်း Half-zip ဆွယ်တာလည်ထောင်လေးတွေ ဝတ်လို့ရပါတယ်။ တကယ်လို့ဂျင်းဖက်ရှင် သိပ်မကြိုက်ရင် ချည်သားဘောင်းဘီတစ်မျိုးမျိုး ရွေးချယ်နိုင်ပါတယ်။ ဒီဖက်ရှင်ဟာ Classic ဆန်သလို လူငယ်တစ်ယောက်ရဲ့ ဟန်ကိုလည်း ကြွစေပါတယ်။

(၃) လယ်သာဂျက်ကတ်

Source: ShutterStocks

တကယ်လို့Leather ဂျာကင်တွေ သဘောကျတယ်ဆိုရင် ဆောင်းဦးပေါက်မှာ စမ်းဝတ်ကြည့်စရာပါပဲ။ လယ်သာတွေနဲ့ဆို မိုးပြာရောင် နဲ့အနက်ရောင် ဂငျင်းတွေက လိုက်ပါတယ်။ ဂျက်ကတ်တွေဟာ ခပ်စိမ့်စိမ့်အေးတဲ့ရာသီမှာ ပိုပြီး ဝတ်လို့ကောင်းသလို အပြင် ထသွားလာသွားအတွက်လည်း ပေါ့ပေါ့ပါးပါး ဝတ်သွားနိုင်တဲ့ ဖက်ရှင် ဖြစ်ပါတယ်။

(၄) ဘယ်လိုကာလာတွေ ရွေးမလဲ

Source: thetrendspotter

ရာသီတိုင်းမှာ သူ့အရောင်နဲ့သူ့အခင်းအကျင်း ရှိသလိုပဲ လူဟာလည်း ရာသီအလိုက် ကာလာပြောင်းပေးဖို့လိုပါတယ်။ ဆောင်းရာသီရောက်ရင် ကိုယ့်အဝတ်ဗီရိုထဲက နေ့စဉ် ဝတ်မယ့် အဝတ်အစား စာရင်းမှာ လိမ္မော်နဲ့ရွှေရောင် ၊ အညိုရောင် ၊ သံလွင်စိမ်းရင့်ရောင် ၊ နက်ပြာရောင်နဲ့မရမ်းစေ့ရောင်တွေ ရှိထားသင့်ပါတယ်။

(၅) ဖိနပ်တွေ

Source: thetrendspotter

ဆောင်းရာသီမှာ ဘယ်လို ဖိနပ်စီးမလဲဆိုတာ ကြိုစဉ်းစားရအောင်ပါ။ အားကစားလုပ်ဖို့အတွက်ကတော့ Sporty တစ်ခုခု ရှိရင် ရပါပြီ။ ဆောင်းဦးပေါက် ဖက်ရှင်အဖြစ် ဖိနပ်စီးမယ်ဆိုရင် Boot တစ်ခုခု စီးသင့်ပါတယ်။ Boots ဟာ ရှိရင်းစွဲ အရပ်ကိုပါ မြင့်စေလို့ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိစေသလို စမတ်ကျပြီး Functional လည်း ဖြစ်ပါတယ်။