Glee ဆိုတာက လွန်ခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက အောင်မြင်ခဲ့တဲ့ Musical Drama ဇတ်လမ်းတစ်ခုဖြစ်ပါတယ်။ Glee ဇတ်လမ်းတွေရဲ့ အကောင်းဆုံးသော Performance တွေက တခေတ်တစ်ခါက အအောင်မြင်ဆုံးဖြစ်ခဲ့သလို အခုအချိန်မှာလည်း ပြန်ပြီး သတိရစေဖို့အတွက် ပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်။

1. Teenage Dream

ဒီ Katy Perry ရဲ့ Teenage Dream ကို Cover ပြန်ဆိုတဲ့ Performance ကတော့ အခု အသက် ၂၀ ကျော်လူငယ်တွေအတွက်ကတော့ အကောင်းတော့ ငယ်ဘဝအမှတ်တရတစ်ခုဆိုရင်လည်းမမှားပါဘူး။

2. Rumor Has it/Someone Like You

Adele ရဲ့ နာမည်ကြီး သီချင်း ၂ ပုဒ်ကို တပြိုင်တည်းသီဆိုခဲ့တဲ့ ဒီ Performance ကလည်း Glee ဇတ်လမ်းတွေထဲမှာ မမေ့နိုင်စရာ Performance တစ်ခုပါ။

3. Faithfully

ဒီ Glee Season ဟာ Finn နဲ့ Rachel တို့ကို Glee ဇတ်လမ်းတွေထဲမှာ အလိုက်ဖက်ဆုံးသော စုံတွဲတွေအဖြစ် ဖော်ပြသွားခဲ့တဲ့ Performance တစ်ခုလည်း ဖြစ်ပါတယ်။

4. Dream On

ဒီ Dream On Performance ကတော့ ကြည့်လိုက်တိုင်း စိတ်ထဲကို အားဖြစ်စေခဲ့တဲ့ အပိုင်းလေးဆိုရင်လည်း မမှားပါဘူး။ အချိန်တွေကြာခဲ့ပေမယ့် Glee ရဲ့ Performance ကတော့ မကျသွားပါဘူး။

5. My Life Would Suck Without You

အခု Glee Club က Mr. Chu ကို ဘယ်လောက်ထိ ဂရုစိုက်သလဲဆိုတာကတော့ ဒီ Performance မှာ တစ်ခါတည်း သိနိုင်မှာဖြစ်ပါတယ်။

6. Make You Feel My Love

ဒီ Performance ကတော့ Glee Member ဖြစ်တဲ့ Lea Michele ကနေ Series တစ်ခုလုံးမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့အထိ ဖျော်ဖြေသွားတာဖြစ်ပါတယ်။