ဂိုးသမားဆိုတာက ဘောလုံးပွဲတစ်ပွဲရဲ့အဖြေပါပဲ။ တိုက်စစ်မှူးနဲ့ ကျန်တဲ့ကစားသမားတွေ ဘယ်လောက်ကောင်းကောင်း ဂိုးသမားကောင်းတစ်ယောက်မရှိဘူးဆိုရင် အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်နေမှာပါ။ ယခုလက်ရှိမှာတော့ ဒီဂီယာကို ကမ္ဘာအကောင်းဆုံး ဂိုးသမားတစ်ယောက်အဖြစ်ရည်ညွန်းလို့ရပါတယ်။ သူနောက်ဆုံးပြသထားခဲ့တဲ့ လက်စွမ်းတွေက တစ်ကမ္ဘာလုံးက လူတွေကို အံသြစေခဲ့ပါတယ်။ ထို့အတူ သမိုင်းတစ်လျှောက်အကောင်းဆုံး ဂိုးသမား (၃) ယောက်ကိုလည်း ဖော်ပြထားလိုက်ရပါတယ်။

(၁) ကားဆီးလက်စ်

Source: independent.co.uk

ကားဆီးလက်စ်ဟာ ဂိုးသမားတစ်ယောက်ဖြစ်ပေမယ့်လည်း ရီးရဲလ်မတ်ထရစ်အသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့အသင်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ကားဆီးလက်စ်ဟာ စပိန်လက်ရွေးစင်အသင်းနဲ့ ရီးရဲလ်မတ်ထရစ်တို့အသင်းမှာ အကောင်းဆုံးလက်စွမ်းတွေပြသနိုင်ခဲ့ပါတယ်။ (၂၀၁၀) ကမ္ဘာဖလားတုန်းကဆိုရင် ဒက်ခ်ျ့ကစားသမားရော်ဘင်ကန်သွင်းတဲ့ ဘောလုံးကို လှလှပပခဲရာခဲဆစ်ပုတ်ထုတ်ပြသသွားခဲ့ပါတယ်။ သူဟာ ကမ္ဘာအကောင်းဆုံး ဂိုးသမားဆုကိုလည်း မကြာမကြာရဖူးပါတယ်။

(၂)  Lev Yashin

Source: futhead.com

ဆှိုဗီယက်လူမျိုးတစ်ယောက်ဖြစ်ပြီး မော်စကိုအသင်းနဲ့ ပွဲပေါင်း (၃၂၀) ၊ မိခင်နိုင်ငံအသင်းနဲ့ နိုင်ငံတကာပွဲပေါင်း (၇၈)  ပွဲအထိယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။ သူကို ပင်ကူလို့တောင် ကင်းပွန်းတပ်ကြပါတယ်။ သူကာကွယ်တဲ့ ဂိုးပေါက်ကို ဂိုးသွင်းယူနိုင်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ကူပါဘူး။ Clean sheet ပွဲစဉ်ပေါင်း (၂၇၀) ထိရရှိခဲ့ဖူးပါတယ်။

(၃) ဘူဖွန်

Source: worldsoccertalk.com

ဘူဖွန်ဘောလုံးလောကက အနားယူသွားခဲ့ပြီဆိုတဲ့ သတင်းဟာ ကျွန်တော်တို့နှလုံးသားရဲ့ အနူးညံ့ဆုံးနေရာကို ရိုက်ခက်ခဲ့ပါတယ်။ သူဟာ ဂျုဗင်တပ်စ်နဲ့ အီတလီလက်ရွေးစင်အသင်းတို့တွင် အသင်းခေါင်းဆောင်အဖြစ် ထမ်းရွက်ခွင့်ရခဲ့ပါတယ်။ သူရဲ့လက်စွမ်းတွေကြောင့် ဂျုဗင်တပ်စ်နဲ့ အီတလီအသင်းတို့ဟာ အကြိမ်ကြိမ် ကံကောင်းခဲ့ကြပါတယ်။