ယောက်ျားလေးတွေဟာ များသောအားဖြင့် မိန်းကလေးတွေလိုမျိး ဆံပင်ကို ဂရုစိုက်တတ်တဲ့သူတွေမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ဆံပင်စတိုင်က မိန်းကလေးကို အကောင်းဆုံး ဆွဲဆောင်နိုင်တဲ့အရာတစ်ခုဆိုတာရော ကွီးတို့သိကြရဲ့လား။

အခုပြောပြသွားမယ့် ဆံပင်စတိုင်တွေကတော့ မိန်းကလေးတွေ ပစ်ကြွေမယ့် ဆံပင်ပုံစံတွေဆိုတော့ နောက်တစ်ခါ ဆံပင်ညှပ်ဖို့ စိတ်ကူးနေတယ်ဆိုရင် အခု စတိုင်တွေအတိုင်း ညှပ်ကြည့်ကြနော်။

Undercut

Source: The Idle Man

အခု ဆံပင်ပုံစံကတော့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်တွေတုန်းက ခေတ်စားခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာလည်း ပြန်လည်ခေတ်စားနေတဲ့ ဆံပင်စတိုင်တစ်ခုဖြစ်ပါတယ်။ ဘေးကို အပြောင်နီးပါးရှင်းပြီးတော့ အရှေ့ဘက်ဆံပင်ကို နောက်ကိုတင်ထားတာက ခေတ်ဆန်နေစေတဲ့ စတိုင်တစ်ခုပါ။

French Crop

Source: The Idle Man

အခုနောက်ပိုင်း အလျှင်အမြန်ခေတ်စားလာတဲ့ စတိုင်တစ်ခုထဲမှာ အခု French Crop လည်းပါဝင်ပါတယ်။ များသောအားဖြင့် ဆံပင် ရှုပ်ထွေးတဲ့သူတွေအတွက် ပိုပြီး သင့်လျော်ပြီးတော့ ဘေးကိုညှပ်ထားပြီး အရှေ့ဖက်ဆံပင်ကိုလည်း ထောင်လို့မရလောက်အောင် အတိုညှပ်ပြီး ဒီအတိုင်းထားတာက ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိစေပါတယ်။

Buzz Cut

Source: The Idle Man

မြန်မာနိုင်ငံက လူအများစုကတော့ ကတုံးဆံပင်ပေါက်လို့သိကြတဲ့ ဒီဆံပင်ပုံစံကလည်း မိန်းကလေးတော်တော်များများကြွေကြတဲ့ ဆံပင်ပုံစံတစ်ခုပါ။ အဓိကကတော့ ကိုယ့်ရဲ့ မျက်နှာကို ထင်းနေစေတဲ့အတွက် ဒါကလည်း စမ်းကြည့်သင့်တဲ့ ပုံစံတစ်ခုပါ။

Long Hair

Source: The Idle Man

ဆံပင်ရှည်ထားကြတဲ့ ယောက်ျားလေးတွေရှားပါတယ်။ ဒါပေမယ့် ဆံပင်ရှည်ပုံစံကလည်း မျက်နှာရှည်တဲ့ ယောက်ျားလေးတွေမှာဆိုရင် တခြားဘယ်ဆံပင်ပုံစံတွေတစ်ခုမှ လိုက်မမှီနိုင်လောက်အောက် ဆွဲဆောင်မှုရှိစေတဲ့ ဆံပင်ပုံစံတစ်ခုဆိုရင်လည်း မမှားပါဘူး။

Side Parting

Source: The Idle Man

အခုခေတ်မှာ ယောက်ျားလေးတော်တော်များများက ဆံပင်ဘေးခွဲကို ခေတ်ကုန်သွားပြီဆိုပြီး မကြိုက်ကြပါဘူး။ ဒါပေမယ့် တကယ်တမ်းက အချို့သော ဘေးခွဲတာနဲ့ ပိုလိုက်တဲ့ယောကျာ်းလေးတွေက ဘယ်အချိန်၊ ဘယ်အဝတ်အစားနဲ့ပဲဖြစ်ဖြစ် ဆံပင်ဘေးခွဲညှပ်လိုက်မယ်ဆိုရင် မိန်းကလေးတွေကို ဆွဲဆောင်နိုင်မှာပါ။