တစ်ညလုံး ကဲပြီး နောက်တစ်နေ့ အိပ်ရာက နိုးလာတော့ ခေါင်းတွေက တစစ်စစ်နဲ့ ကိုက်ခဲလေးလံ၊ မျက်လုံးတွေကလည်း မျက်တွင်းထဲ ချောင်ကြနေပြီး လူကလည်း အန်ပဲ အန်ချင်နေတော့တယ်ဆိုရင် အရက်နာ စပြီ ဖြစ်ပါတယ်။
Hangover ဟာ ရေချိန်လွန်သူတိုင်း ဖြစ်တတ်သလို သူ့ ကို သက်သာအောင် လုပ်လို့ ရတဲ့ နည်းတွေလည်း ရှိပါတယ်။

(၁) ဓါတ်ဆားသောက်ပါ

Source: Medical News Today

Electrolytes သောက်ဖို့ ပြောရတဲ့အကြောင်းကတော့ အရက်သောက်တာဟာ ရေဓါတ်ခမ်းစေတာကြောင့် လူကို ပိုနုံးစေပါတယ်။ အရက်သောက်ပြီး ဆီးသွားတိုင်း ခန္ဓာကိုယ်မှာ ရေဓါတ်ကို ပြန်ဖြည့်ဖို့ လိုပြီ ဖြစ်ပါတယ်။ ရေဓါတ်အားပြည့်မယ်ဆိုရင် မူးတာ သက်သာသွားပါလိမ့်မယ်။

(၂) ရေသောက်ပါ

Source: Business Insider

ဓါတ်ဆားမကြိုက်ရင် ရေများများ သောက်နိုင်ပါတယ်။ ရေသိပ်မသောက်ဖြစ်ရင်တော့ အရည်ရွှမ်းတဲ့ ဖရဲသီး ၊ သခွားသီး ၊ လိမ္မော်သီးတွေ စားပေးနိုင်ပါတယ်။

(၃) အစာစားပါ

Source: ShutterStock

မသောက်ခင်ကတည်းက စားသင့်ပေမယ့် သောက်ပြီး အစာမစားဖြစ်ရင် ဗိုက်ဆာတာဟာ Hangover ကို ပိုပြီး ဆိုးစေပါတယ်။ သွေးထဲမှာ သကြားဓါတ်နည်းနေချိန်ဖြစ်လို့ ခေါင်းလည်း ပိုမူးပါတယ်။ ဂျုံ ၊ အာလူးတို့ လို ကာဗွန်ဟိုက်ဒရိတ်များတဲ့ အစာတွေလည်း စားပေးနိုင်ပါတယ်။ ဗိုက်ထဲ အစာရောက်နေရင် အန်ချင်တာလည်း သက်သာပါတယ်။ ဂျင်းဟာ အစာအိမ်ကို ငြိမ်စေပြီး ခေါင်းမူးသက်သာစေလို့ သုံးဆောင်သင့်သလို စွပ်ပြုတ်တစ်ခွက်လောက် သောက်တာကလည်း အစာကြေလွယ်စေပါတယ်။

(၄) အိပ်ပါ

Source: ShutterStock

Hangover ဖြစ်လို့ အခုပြောတဲ့ အစားအစာတွေ စားပြီးပြီဆိုရင် အိပ်ရေးဝဝ အိပ်ပေးပါ။ တစ်နာရီိလောက် မှေးလိုက်ရင် ပိုပြီး နေလို့ ကောင်းသွားပါလိမ့်မယ်။ နိုးလာရင် ကော်ဖီတစ်ခွက်လောက် သောက်ပေးလိုက်ပါ။

(၅) ဗိုက်တာမင် မှီဝဲပါ

Source: healthline.com

အရက်နာကျရင် ဗိုက်တာမင် B1/B6 နဲ့ ဗိုက်တာမင်စီတွေ စားသင့်ပါတယ်။